Our destiny (Part 7)

46 6 0
                                    

Unicode

လမင်း ဖြူဖြူဆီဖုန်းဆက်ပြီး ဘတ်စကတ်ဘောကစားတဲ့ကောင်လေး အခန်းထဲရှိလားမေးတော့ ရှိတယ်ဆိုလို့ မိုးစက်နဲ့အတူတူလမင်းတို့အတန်းရှိရာကိုနှစ်ယောက်သားလျှောက်လာကြတယ်။ လမ်းတစ်လျှောက်တစ်ချို့က လမင်းတို့ကိုသေချာလိုက်ကြည့်တယ်။လမင်းဘေးကပါလာတဲ့သူ့ကိုကြည့်တာနေမယ်။ဘေးကပါလာတဲ့သူက အရပ်မြင့်တာမို့လို့သူ့ကိုမော့ကြည့်တော့ သူကလမ်းကိုသာ အာရုံစိုက်လျှောက်တယ်။လမင်းလည်းပုတဲ့ထဲမပါပေမယ့် သူကိုကအရှည်လွန်နေတာ။လမင်းကြည့်နေတာ သူသတိထားမိတော့ လမင်းကို ဘာလို့လဲဆိုတဲ့သဘောနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြတယ်။လမင်းလည်း ခေါင်းခါပြပြီး အတန်းထဲရောက်ဖို့သာလျှောက်ရတော့တယ်။

အတန်းထဲရောက်တော့လည်းထိုနည်းတူစွာ။ကျောင်းမတတ်သေးတာမို့ ဆရာမ မဝင်သေးတော့ အတန်းထဲရှိသမျှလူအားလုံးရဲ့အကြည့်ကို လမင်းတို့ခံရတယ်။ အထူးသဖြင့်မိုးစက်နွေကိုကြည့်ကြတာပေါ့။ဘတ်စကတ်ဘောကောင်လေးရှိတဲ့နေရာကိုသွားပြီးလမင်းက

" ဘတ်စကတ်ဘောအသင်းထဲကို မိုးစက်နွေကဝင်ချင်တယ်ဆိုလို့။အဲ့တာဝင်လို့ရတယ်မို့လား "

" သိပ်ရတာပေါ့။ မိုးစက်နွေဆိုရင်လူလိုက်စရာတောင်မလိုဘူး။ အမျိုးသမီးဘတ်စကောအသင်းနည်းပြက လူလိုနေတယ်ဆိုပြီး ပြောနေတာ။ မိုးစက်နွေဆိုရင်သူသိမှာပါ။ကျွန်တော်ပြောပေးထားပါ့မယ်။ဖုန်းနံပါတ်ပေးခဲ့လေ "

သူကစာအုပ်နောက်ဆုံးကိုလှန်ပြီးဘောပင်နဲ့ကမ်းပေးတော့ မိုးစက်နွေလည်းယူပြီးဖုန်းနံပါတ်ရေးပေးလိုက်တယ်။

" အဲ့တာဆိုရပါပြီ။ကျွန်တော် ခနနေလေ့ကျင့်ရေးသွားရင်း နည်းပြကိုသေချာပေါက်ပြောပေးပါ့မယ် "

" ဟုတ် ကျေးဇူးတင်ပါတယ် "

" မလိုပါဘူးဗျာ။ကျွန်တော်တို့အားကစားကိုစိတ်ဝင်စားသူတိုင်းကို ကျွန်တော်တို့ကအမြဲကြိုဆိုနေမှာပါ "

" အဲ့တာဆိုခွင့်ပြုပါအုန်း "

လမင်းလည်းကောင်လေးကိုနှုတ်ဆက်ကာ ဘာလုပ်ရမယ်မှန်းမသိ။ အတန်းထဲမှာပဲနေခဲ့ရမလာ။သူ့ကိုလိုက်ပို့ရမလား ဝေခွဲမရဖြစ်နေတယ်။

Our destiny Donde viven las historias. Descúbrelo ahora