Our destiny (Part 12)

53 5 0
                                    

Unicode

မိုးစက်ရေချိုးပြီးဖုန်းခဏသုံးတော့ လမင်းရဲ့အကောင့်ထဲမှာ ဆန်းဝှစ်ပုံလေးတွေတင်ထားတဲ့ပို့စ်ကို သရေကျတဲ့အီမိုဂျီလေးနဲ့ ပြန်ရှဲထားတာတွေကိုတွေ့တယ်။ သူက 45 min agoဆိုပြီးလိုင်းပေါ်မှာမရှိတော့။ မိုးစက်နဲ့ဆိုအမြဲတမ်း ည8ခွဲကျရင်ဖုန်းပြောလေ့ရှိတယ်။ မိုးစက်လည်းသူစားချင်တဲ့ဆန်းဝှစ်ကိုကိုယ်တိုင်လုပ်ကျွေးချင်လို့ You tube ကနေ မုန့်လုပ်တဲ့ဗီဒီယိုလေး‌ရှာကြည့်ပြီး ဝယ်ရမယ့်ပစ္စည်းတွေကိုသေချာလိုက်မှတ်ရတယ်။မှတ်ပြီး ပိုက်ဆံအိတ်နဲ့ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ကာ အောက်ဆင်းခဲ့တယ်။ အိမ်ဘေးကကားဂိုထောင်ထဲက မစီးတာကြာပြီဖြစ်တဲ့မိုးစက်ရဲ့စက်ဘီးလေးကို ထုတ်ပြီး ဖုန်ခါရသေးတယ်။
မိုးစက်လုပ်နေတာကိုတွေ့တဲ့ခြံစောင့်ဦးလေးကြီးက အနားရောက်လာပြီး

" ဦးလေးလုပ်ပေးမယ် သမီးလေး "

" ရပါတယ် ဦးလေးရဲ့ ဖုန်သုတ်ရုံပဲကို "

" မဟုတ်တာ သမီးရယ်။ သမီးကမစီးတာကြာပြီလေ။ဦးလေး ချိန်းတို့ ဘရိတ်တို့ တစ်ချက်စစ်ပေးမယ်။နောက်မို့ဆို လမ်းမှာတစ်ခုခုဖြစ်နေမှ အကူအညီတောင်းရခက်နေမယ် "

မိုးစက်လည်း မငြင်းတော့ပဲလက်ခံလိုက်တယ်။သူကဘရိတ်ကို တစ်ချက်စစ်ပြီး ချိန်းထဲကိုချိန်းဆီအနည်းငယ်ထည့်ပေးတယ်။နောက်ပြီး ရေစိုဝတ်နဲ့သုတ်ပေးပြီး အဝတ်ခြောက်နဲ့ထပ်သုတ်ပေးတယ်။

" ရပြီ သမီးလေး "

" ကျေးဇူးပါ ဦးလေးရေ "

" ရပါတယ် သမီးရယ်။ လမ်းမှာဂရုစိုက်အုန်းနော်"

" ဟုတ် "

မိုးစက်ပြောတော့ သူကခြံတံခါးကိုခပ်မြန်မြန်သွားဖွင့်ပေးတယ်။မိုးစက်လည်းခြံထဲကအထွက် ခြံထဲဝင်တော့မယ့် ဖေဖေကားနဲ့တန်းတိုးတယ်။ဦးဟန်လည်းပါတယ်။မိုးစက်ကိုမြင်တော့ဖေဖေကကားပေါ်ကဆင်းလာတယ်။မိုးစက်က အရပ်ရှည်တော့ စက်ဘီးကိုခွလျက်သားနဲ့ ခြေထောက် ထောက်ရပ်လိုက်တယ်။

" ဘယ်သွားမို့လဲ သမီး "

" သမီး ဒီမီးပွိုင့်နားကကုန်တိုက်ကိုခဏသွားဖို့ဖေဖေ။သမီးစားနေကျမုန့်လေးတွေကုန်သွားလို့။
ဖေဖေ ဘာမှာစရာရှိသေးလဲ "

Our destiny Tempat cerita menjadi hidup. Temukan sekarang