"အင်း လီဆာ ငါ့ကို အဲ့ဒါလေးတစ်ချက် ပြန်ပြောပေး ။ အင်း...ဟုတ်ပြီ.. ။ အဲ့ဒါဆို ငါ စောင့်နေမယ်နော် မယ်ရီခရစ္စမတ် !"
ဂျန်းနီ ဖုန်းကို စားပွဲပေါ် အသာချလိုက်တယ် ။ အခုဏက ရဲစခန်းသွားမဲ့ အကြံဟာ သိပ်တော့ မကောင်းကြောင်း တွေးမိတာကြောင့် တစ်ဦးတည်းသော သူငယ်ချင်းဆီ အကူအညီ လှမ်းတောင်းရခြင်းပင် ။
လီဆာ့ဦးလေးက အငြိမ်းစား ရဲအုပ်တစ်ယောက် မဟုတ်လား ။ သူ့ဦးလေးဆီ နည်းနည်း လှမ်းစုံစမ်းတာက ပိုသင့်တော်တာပေါ့ ။ ဂျန်းနီ လီဆာ့ဆီက ဖုန်းကို စောင့်ရင်း အရှေ့က အမျိုးသမီးနဲ့ မျက်လုံးချင်း ဆုံမိပြန်တယ် ။
အဟမ်း
ကြောင်တောင်တောင် အခြေအနေပဲ ။ ဂျန်းနီ ချောင်းတစ်ချက်ဟန့်လိုက်တော့ သူ့ခန္ဓာကိုယ် တုန်သွားတယ် ။ ဘာလဲ ငါ့ကို ကြောက်နေတာလား ။
"ရှင် တကယ်ပဲ ဘာမှ မမှတ်မိဘူးလား"
အရှေ့က ခေါင်းညိတ်ပြတဲ့ အမျိုးသမီးကို ဂျန်းနီ ဘာမျှ မပြောချင်တော့ပေ ။ သက်ပြင်းကို မသိမသာထပ်ချလိုက်ပြီး အဲ့ဒီ အမျိုးသမီးကိုသာ ငေးကြည့်မိတော့တယ် ။ အခုမှ သေချာကြည့်မိတော့ ဒီအမျိုးသမီးဟာ ဂျန်းနီနဲ့ ရွယ်တူလောက်ပါပဲ ။ ဂျန်းနီထပ် အရပ်လေး မဆိုစလောက် ရှည်တာပဲ ရှိမယ် ။ ထူးဆန်းတာလည်း ရှိသေးတယ် ။ သူ့မျက်ဝန်းတွေက အညိုရောင်တွေ ၊ ပြီးတော့ သူ့ဆံပင်က ရွှေအိုရောင် ၊ ဖြူဖျော့ဖျော့အသားရေကို နောက်ခံထားလိုက်တော့ အဲ့ဒီအရာတွေက အရှေ့က အမျိုးသမီးကို ပိုပြီး ထူးဆန်းစေတယ် ။ ဘယ်လို ပေါင်းစပ်မှုမျိုးပါလိမ့် ။
ဂျန်းနီ အရှေ့က အမျိုးသမီးကိုလည်း ပိုင်းခြားစိတ်ဖြာရင်း လီဆာ့ဆီက အပြန်ဖုန်းကိုလည်း စိတ်မရှည်စွာ စောင့်နေမိတယ် ။ မြန်မြန်ခေါ်ပါတော့ လာလီဆာရယ် ၊ ကြာရင် ဂျန်းနီ ရူဘီဂျိန်းကင်မ် လည်ပင်း ရှည်ရတော့မယ် ။
စားပွဲပေါ်က ဖုန်း ထမြည်တယ် ။
"ဟယ်လို လီဆာ ပြော"
လီဆာ့စကားတွေက အားတက်စရာ ။
ဂျန်းနီ ထိုင်နေတဲ့ ဆိုဖာပေါ်ကနေ အငွေ့ပျံချင်သွားတယ် ။
YOU ARE READING
I wish you a Merry Christmas
Fanfictionဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။