16

361 54 7
                                    

ညသည် အလွန်တိတ်ဆိတ်ငြိမ်သက်နေကာ ဂျန်းနီ ကိုယ့်စိတ်ထဲက အသံတွေကို သေသေချာချာ ပြန်ကြားနေရသည် ။ တစ်ဖက်ကုတင်က နောက်ကျောပေးကာ ငြိမ်သက်တိတ်ဆိတ်နေသော လူသားကို ကြည့်၍ သူရော ဂျန်းနီလိုများ ကိုယ့်အသံတွေကိုယ် ပြန်ကြားနိုင်မလား တွေးမိသည် ။ ညဘက်တွေဟာ ဂျန်းနီဖို့ အိပ်စက်ရန် ခဲယဉ်း၏ ။

အတွေးတို့ဟာ ယောက်ယက်ခတ်ကာ ဦးတည်ရာမဲ့ သွားလာလှုပ်ရှားနေကြသည် ။ ဂျန်းနီ၏ ကိုယ်သည် ယခုထက်ထိ တုန်လှုပ်နေဆဲပင် ။ ဂျီဆူးထံက သူကြားခဲ့ရသော စကားများဟာ မှန်သလား ၊ မှားသလား သူ မဆုံးဖြတ်နိုင် ။ နောက်ပြီး ဂျီဆူးကို သူ ယုံပေးရမည်လားလည်း မဝေခွဲနိုင် ။ အရာအားလုံးဟာ ဂျန်းနီအတွက် ရှုပ်ထွေးနေတော့ စိတ်ဟာ လီဆာ့ကိုပင် သတိရသွားမိသည် ။ လီဆာက မည်သည့်ပြဿနာကိုမဆို စိတ်အေးအေးထားကာ ဖြေရှင်းနိုင်သူ ဖြစ်သည် ။ သူ့ပုံစံက ပေါ့ပေါ့နေတတ်သည့် ပုံစံမဟုတ်ဘဲ ပြဿနာနှင့် ကြုံလာလျှင် မတုန်လှုပ်ဘဲ အဖြေမှန်ကို ရှာနိုင်သည့် ပုံစံမျိုးသာ ဖြစ်သည် ။ လီဆာသာ ရှိလျှင် ဂျန်းနီ ဒီနေရာမှာ ဒီထက် အဆင်ပြေပြေ ရပ်တည်နိုင်မပေါ့ ။

ဂျန်းနီ စိတ်ရှုပ်ထွေးလာသည်ကြောင့် သက်ပြင်းတစ်ချက်ချကာ ကိုယ်ကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည် ။ မိုးကျထားသည်ကြောင့် ပြတင်းပေါက်မှ ဝင်ရောက်လာသော လေတို့ဟာ အေးစက်ခြင်းကို သယ်ဆောင်လာသည် ။ ဂျန်းနီ အေးသည် ။ ဂျန်းနီ၏ စိတ်များ အေးစက်နေကြပြီ ။ နှလုံးသားသည်လည်း ခံစားနိုင်မှု ကင်းမဲ့လာပြီ ။ အသက်ရှင်နေရသည့် အဓိပ္ပာယ်ဟာ တဖြည်းဖြည်း ပျောက်ဆုံးချင်သလိုလို ဖြစ်လာနေပြီ ။ ဂျန်းနီ ဘာဆက်လုပ်ရပါမည်လဲ ။ ဂျီဆူး ပြောပြခဲ့သည့် အကြောင်းအရာများဟာ မှန်သည် ထားပါဦး ၊ သူ့ဘက်က ဘာလုပ်ပေးနိုင်ပါလိမ့်မည်လဲ ။ အရာအားလုံးဟာ ကောင်းမွန်စွာ လွဲမှားနေခဲ့ပြီး ဖြစ်သည် ။ ဂျန်းနီဟာ ချန်းနှင့် မှားယွင်းစွာ တွေ့ဆုံခဲ့ပြီး ကောင်းမွန်စွာ လွဲမှားနေခဲ့ပြီးပါပြီ ။ ဂျီဆူး ဖြစ်စေချင်သည့်အတိုင်း ဖြစ်လာဖို့က ဒီတစ်သက် ဂျန်းနီ အသက်ရှင်နေသမျှ လုံးဝဖြစ်မလာနိုင်တော့မဲ့ အရာဖြစ်သည် ။

I wish you a Merry ChristmasWhere stories live. Discover now