Final

568 55 8
                                    

:For Life by EXO

စာတစ်စောင် ၊ ပန်းတစ်ပွင့် ၊ ဒဏ်ရာတချို့ ။
နောက် နေရာလွတ် ။

အီတလီတွင်ဆက်နေဖို့ရာ သူ့တွင် အင်အားမရှိ ။ ထို့ကြောင့် သူ ဒီနှစ်ပိုင်းတွေအတွင်းမှာ တစ်နေရာပြီး တစ်နေရာ ပြောင်းရွှေ့နေထိုင်ခဲ့သည် ။ ပြင်သစ် ၊ စပိန် ၊ ဂရိ ၊ ဂျာမနီ စသည့် မြေထဲပင်လယ်နိုင်ငံများမှ မော်စကို ၊ နယူးဇီလန် ၊ မဲလ်ဘုန်း စသည့် မြို့များသို့လည်း အနှံ့သွားလာခဲ့ပြီ ။ ဂျိန်းကို ရှာသလားလို့ မေးရင်တော့ သူ ခေါင်းယမ်းရပါလိမ့်မည် ။ ဂျိန်းဟာ သူ ရှာလို့ မတွေ့နိုင်မည့် တစ်နေရာမှာ သူ ချစ်ရသူတစ်ဦးနှင့် အတူရှိနေလိမ့်မည်ဆိုတာ ဂျီဆူး သိ၏ ။ ထို့ကြောင့် တကူးတက လိုက်မရှာဖြစ်ပေ ။ ကံကြမ္မာသာ ထပ်အလိုရှိခဲ့ရင် ပြန်တွေ့ရလိမ့်မည်ဟု ဂျီဆူး ယုံကြည်ထားပါသည် ။

ယခုတော့ ဒီအတိုင်းလေး ဂျီဆူး နေသားကျလာသည် ။ ကံကြမ္မာကို ယုံကာ သူ့ကို စောင့်နေရသည်ကိုပဲ ဂျီဆူး နေသားကျလာခဲ့သည် ။ ဂျီဆူးတွင် သူ့ကို လွမ်းတိုင်း ပြန်တွေးလို့ရမည့် အမှတ်တရ‌ကလေးတွေ ရှိသည် ။ သူ့ကို ပြန်လိုချင်တိုင်း ထပ်ခါထပ်ခါဖတ်ဖြစ်မည့် စာကလေးတစ်စောင် ရှိသည် ။ သူ ထားခဲ့သည့် ပျော်ရွှင်မှုအကြောင်းအရင်းတွေ ရှိသည် ။

ယခုလည်း ဂျီဆူး သူ့ကို ပြင်းပြင်းပျပျ လွမ်းနေမိသည် ။ ထို့ကြောင့် ခေါက်ရာတွေအထင်းသား ဖြစ်နေပြီဖြစ်သည့်အပြင် ဖွင့်ဖတ်ပါများသည့်အတွက် အနားစတို့ တွန့်ကြေလျက်ရှိပြီဖြစ်သော စာကို ဂျီဆူး မြဲမြံနေအောင် ဆုပ်ကိုင်ထားသည် ။ ဂျီဆူးနှုတ်ခမ်းပါးတို့သည် ထိုစာကို မြင်တိုင်း ညင်သာစွာ ပြုံးနေလေ့ရှိပြီး လက်ချောင်းများကလည်း ထိုစာရေးသူ၏ လက်ရေးသော့သော့ကလေးများပေါ်တွင် သဘောတကျ လျှပ်ပြေးနေလေ့ရှိသည် ။

"ဂျီ..."

ရူးချင်စရာကောင်းသည့် နာမ်စားဟာ ထိုစာ၏ အစတွင် ရှိ၏ ။ ထိုနာမ်စားကို တစ်ခါမြင်တိုင်း ဂျီဆူး အတိတ်ကို တစ်ခါ ပြန်ရောက်ရသည် ။ ဟိုး အရင်တစ်ချိန်က သူ သဘောတကျ ခေါ်ခဲ့ဖူးသည့် နာမ်စား ။ ဟိုး အရင်တစ်ချိန်က ဂျီဆူး လျစ်လျူရှုခဲ့ဖူးသည့် နာမ်စား ။ အခုတော့ ရူးမတတ် လွမ်းနေရပါပြီလေ ။

I wish you a Merry ChristmasWhere stories live. Discover now