ဒါဟာ ခရစ္စမတ်ပုံပြင်လေးတစ်ပုဒ်ရဲ့ အဆုံးသတ်လား ။
ဟင့်အင်း ၊ အဲဒီလို မေးလာခဲ့ရင် သူ ခေါင်းကို တွင်တွင်ယမ်းပြရလိမ့်မည် ။ ဒါဟာ အဆုံးသတ်မဟုတ် ။ အဆုံးသတ်ဟာ သူတို့ကို စောင့်ကြိုနေပြီးသားဆိုတာ သူတို့ သိသည် ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဆုံးသတ်ဟာ နေဝင်ချိန်လိုမျိုး လိမ္မော်ရောင်သမ်းကာ အလွန် စိတ်ထဲ နေရခက်လောက်အောင်ကို ကြည့်ကောင်းနေလိမ့်မည် ။ တစ်ချိန်ချိန်မှာတော့ သူတို့ နာကျင်ခဲ့ရသမျှဟာ ခပ်ယဲ့ယဲ့ကလေးပြုံး၍ ပြန်တွေးနိုင်လောက်သည့် အနေအထားကို ရောက်လာလိမ့်မည် ။
"မမလေး ၊ စာတစ်စောင်ရောက်နေပါတယ်"
"ဟမ်"
လွယ်အိတ်ထဲ ထည့်စရာရှိတာ ထည့်နေသော ရိုဆန့်လှုပ်ရှားမှုတို့သည် တစ်ခဏအတွင်း ရပ်တန့်သွားကြသည် ။ စာ ၊ ဘယ်က စာပါလိမ့် ။ အန်ကယ်လည်း ပို့မှာ မဟုတ်ပါဘူး ။
"ဘယ်သူ လာပေးသွားတာလဲ"
"ဟိုတယ် reception က ပေးလိုက်တာပါ မမလေး"
"အင်း သိပြီ ဟင်နရီ ၊ မြန်မြန် အဆင်သင့်ပြင်တော့"
ထပ်ပြီး မေးရမည်ကို ရိုဆန် မလုပ်ချင်တော့သည်ကြောင့် လက်ထဲရောက်လာသော စာအား လွယ်အိတ်ထဲ ထိုးထည့်ထားလိုက်ကာ ဂျိန်းဆီ သွားဖို့ ပြင်သည် ။ ဒီနေ့ သူ ချက်ချင်း အဘိုးဆီ ပြန်ရမည် ။ အဘိုးဆီမပြန်ခင် သူ စဉ်းစားထားသည်က ဂျိန်းကိုပါ အပါ ခေါ်သွားမည် ။ အခုအချိန်မှာ သူ့အတွက် အရေးအကြီးဆုံးက ဂျိန်းပဲမို့ ဂျိန်းသာ သူနဲ့မလိုက်ခဲ့ရင် သူလည်း အဘိုးဆီ ပြန်မသွားတော့ဟု ဆုံးဖြတ်ထားသည် ။ ဒီတစ်ခေါက်တော့ ဂျိန်းနှင့်သူ လွဲနိုင်တော့မည် မဟုတ်ပေ ။
"လေယာဉ်က ဘယ်အချိန်လဲ ဟင်နရီ"
"ကိုးနာရီခွဲပါ"
လက်ပတ်နာရီကို ကြည့်လိုက်တော့ လက်တံအတိုကလေးဟာ ရှစ်ကို ကျော်စပြုလာပြီ ။ ဂျိန်းနှင့် နီးလာပြီဟု စဉ်းစားမိတိုင်း သူ့စိတ်ထဲ မွန်းကြပ်လာသလိုလို ။ ဒါဟာ ဘာကြောင့်လဲ သူ စဉ်းစားမရ ။ ဂျိန်း နောက်တစ်ခါ သူ့ကို ထားသွားမည်ဟု ခံစားနေရသည် ။ ရိုဆန် ကားထဲ၌ပင် သက်ပြင်းများကို ထပ်ခါထပ်ခါ ချနေမိ၏ ။
YOU ARE READING
I wish you a Merry Christmas
Fanfictionဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။