ဒေစီ၏ စိုးရိမ်စိတ်များ နှင်းဖတ်ကလေးများကဲ့သို့ ပျောက်ကင်းစေ ။ သူသည် သူ့စကြဝဠာတစ်ခုလုံးအား ဒေစီတစ်ပွင့် ပြုံးရယ်နိုင်ဖို့အတွက် ပုံအပ်ပါမည် ။
_________________________________________
ချန်းက စက်ဘီးနင်းနေတာကို ရုတ်တရက် ရပ်လိုက်တဲ့အတွက် ဂျန်းနီ ကိုယ်ကလေး အရှေ့ကို အနည်းငယ် ယိုင်သွားတယ် ။
"ဂျိန်း"
ချန်းရဲ့ အသံက ဆောင်းရာသီရဲ့ တေးသွားတစ်ပုဒ်လိုမျိုး အေးမြပြီး ထပ်ခါထပ်ခါ နားထောင်ချင်စရာကောင်းတယ် ။ နားထောင်ရတဲ့ အချိန်တိုင်းမှာလည်း သူ့နှလုံးသားကို နွေးထွေးစေတယ် ။
"ထာဝရဆိုတာအတွက် ကိုယ် ကတိမပေးနိုင်ပေမဲ့ ကိုယ့်နှလုံးသားကို ဂျိန်း လိုအပ်တယ်ဆိုတဲ့ အချိန်တိုင်း ဘေးမှာ ရှိနေပေးမှာပါ ၊ အဲ့ဒါကြောင့် အဲ့ဒီအရာတွေကို စိတ်မပူပါနဲ့လား"
"ကျွန်မ...ထပ်ပြီး နာကျင်ရမှာ ကြောက်တယ် ချန်း"
ချန်းက ဂျိန်းရဲ့လက်ကလေးကို ခပ်ဖွဖွ ဖျစ်ညစ်တယ် ။
"ဂျိန်းကိုနာကျင်စေတဲ့အရာက ကိုယ်ဖြစ်နေတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်မှာ မဟုတ်လို့ ကိုယ့်ကို ယုံပေးပါ ဂျိန်း"
ချန်းရဲ့ မျက်ဝန်းတွေထဲက ပြတ်သားတဲ့ အရိပ်အယောင်တွေက ဂျန်းနီစိတ်ကို လုံခြုံမှုတွေ ပေးတယ် ။ ဂျန်းနီက ချန်းကို အားကိုးသလို ကြည့်ရင်းကပဲ ခေါင်းညိမ့်ပြတယ် ။
"ကျွန်မ ရှင့်ကို ယုံပါမယ် ချန်း"
_________________________________________
သာမန် တနင်္ဂနွေ မနက်ခင်းပင် ။ ထူးခြားတာဆိုလို့ ချန်းနဲ့ ဂျိန်းကြားက ပြောင်းလဲသွားတဲ့ စည်းတစ်ခုသာ ။
ချန်းက ပေါင်မုန့်မီးကင်တစ်ပန်းကန်ကို ကိုင်ပြီး ဂျိန်းအခန်းဆီ သွားတယ် ။ ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် ဂျိန်းတစ်ယောက် စာတိုက်ကို မသွား ။
အခန်းတံခါးကို အညင်သာဆုံးခေါက်လိုက်ပြီး ချန်းတစ်ယောက် ပေါင်မုန့်မီးကင် ပန်းကန်လေးကို ကိုင်ရင်း ဂျိန်းအခန်းထဲ ဝင်လာလိုက်တယ် ။
YOU ARE READING
I wish you a Merry Christmas
Fanfictionဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။