15

335 48 6
                                    

"ဒီကမ့်ပိန်းကနေ ရမဲ့ အကျိုးအမြတ်အားလုံးရဲ့ တစ်ဝက်ကို ဒီနှစ်ကုန်မှာ မိဘမဲ့ကျောင်းနှစ်ကျောင်းဆီ ခွဲဝေပြီး လှူဒါန်းသွားမှာပါ ၊ ဒါ့အပြင် ဒီကမ့်ပိန်းသာ အောင်မြင်ခဲ့ရင် ကျွန်မဘက်ကနေ အမ်စတာဒမ်ကုမ္ပဏီအခွဲက ကျွန်မရဲ့ အလုပ်ကြိုးစားတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးအတွက် ခရီးတိုတစ်ခု ပို့ပေးဖို့ စီစဉ်ပေးထားပါတယ် ၊ မိသားစုလည်း ခေါ်လာလို့ ရတာမလို့ ဒီနှစ်ကုန်အတွက် ကြိုးစားပေးကြပါဦးနော်"

"ဟုတ်ကဲ့ပါ မမလေး"

အစည်းအဝေးဆိုတာထက် လူစုစကားပြောနေကြသလို ပုံစံကို ရအောင် ဖန်တီးတတ်ကာ လိုချင်သည့် ရလဒ်အတွက် ဆွယ်ယူတတ်သော မမလေးမည်သည့် ရိုဆန်ပတ်၏ အမ်စတာဒမ်ကုမ္ပဏီခွဲသည် လူအနည်းငယ်သာ ရှိသော်လည်း လုပ်နိုင်စွမ်းက တကယ့်ကုမ္ပဏီကြီးတစ်ခုကဲ့သို့ပင် ။ ကုမ္ပဏီ၏ အဓိက တည်ထောင်သူ ရိုဆန်ပတ်သည် မျက်မှန်များအောက်မှ တောက်ပနေသလို ၊ မှိန်ပျနေသလို ထင်ရသည့် မျက်ဝန်းများဖြင့် ပြုံးပြနေသယောင် ရှိသည် ။

"ဟင်နရီရေ ၊ မမလေးလို့ မခေါ်ဖို့က ပြောလို့မရတော့ဘူးလား"

"မရတော့ဘူး မမလေး ၊ သူတို့က မမလေးဆိုတာပဲ စွဲနေကြပြီ"

"အင်း ခက်တာပဲနော်"

ထိုကဲ့သို့ တစ်ချက်ညည်းကာ ရိုဆန်သည် သူ့ရုံးခန်းထဲသို့ ပြန်လာခဲ့သည် ။ ရုံးခန်းပေါ်တွင် ဒီတစ်ခေါက်လုပ်မည့် ကမ့်ပိန်းအတွက် အကြမ်းဖျင်းအစီအစဉ်များနှင့်အတူ စာတစ်စောင် ရောက်နေသည် ။ အဘိုးဆီက စာပဲဖြစ်မည် ထင်ပါသည် ။

အဘိုးသည် ဆုံးရှုံးရပြီ ထင်ထားသော မြေးမလေးအား ပြန်တွေ့ရချိန်တွင် အလွန်ပျော်ရွှင်နေခဲ့သော်လည်း ထိုမြေးမလေးက သူနှင့်အတူ နေထိုင်ရန် မရွေးချယ်သောအခါ အနည်းငယ် စိတ်ဆိုး‌နေသယောင် ရှိသည် ။ ဒီလပိုင်းတွေအတွင်း စာတစ်စောင် ၊ ဖုန်းတစ်ချက်မရဘဲ ဒီနေ့ကျမှပဲ မြင်နေကျဖြစ်လာခဲ့သော တံဆိပ်တုံးနှင့်အတူ အဘိုးဆီကစာ ရောက်လာခဲ့သည် ။

ရိုဆန်သည် ကုတ်အင်္ကျီကို ထိုင်ခုံနောက်မှီပေါ် တင်လွှဲလိုက်ရင်း သက်ပြင်းတစ်ချက်ချကာ စာအိတ်ကို ဖွင့်ဖောက်ကြည့်လိုက်သည် ။ စာအိတ်က "grandpa's beloved" ဟု အမည်တပ်ထားကာ ပါရီအခြေစိုက်ရုံး၏ ပရောဂျက်ကိစ္စသည် အလျင်လိုနေပါသဖြင့် ချစ်သော မြေးမလေးအား ပါရီသို့ ခဏလာရောက်စေလိုသော ဆန္ဒရှိကြောင်း ရေးထားသည့် စာပင် ။ ကိုယ့်မှာလည်း ကိုယ့်နယ်က ရုံးက ကမ့်ပိန်းနှင့် ၊ သို့်သော်လည်း အဘိုးဆိုတော့ မငြင်းသာသည့် အခြေအနေပေ ။

I wish you a Merry ChristmasWhere stories live. Discover now