စက်ဘီးကို အိမ်ရှေ့မှာ အမြန်ရပ်လိုက်သည် ။ ထို့နောက် ဂျန်းနီ ဘာကိုမှ သေချာစွာ စဥ်းစားနိုင်ခြင်းမရှိတော့ပါ ။ အိမ်တံခါးကို မှီ၍ ထိုင်နေသော ချန်းပုံစံသည် ဂျန်းနီအား အလွယ်တကူပင် ငိုစေဖို့ တတ်နိုင်သည် ။
"ချန်း ! ကျွန်မကို ကြည့်ပါဦး"
မေ့မျောနေပုံရသည့် ချန်းကို ဂျန်းနီ စိုးရိမ်စိတ်များစွာဖြင့် လှုပ်နှိုးလိုက်သည် ။ လူတစ်ကိုယ်လုံးဟာ အားအင်များ အကုန် စုပ်ယူခံထားရသလိုပင် ။ ဘယ်လိုမှပင် ခေါ်ယူ၍ မရသော ချန်းကြောင့်
ဂျန်းနီသည် ချန်းလိုပင် အိမ်ရှေ့၌ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိတော့သည် ။ အေးစက်နေသည့် ချန်းလက်များနှင့် နီရဲနေသည့် ပါးမို့မို့လေးက ဂျန်းနီတစ်ကိုယ်လုံးကို ချည့်နဲ့စေပါသည် ။"ဂျန်းနီ ချန်းကို အိမ်ထဲခေါ်ရအောင်"
ဘေးနားကို လီဆာက အပြေးရောက်လာပြီး ဂျန်းနီကိုယ်ကို ကိုင်၍ ပြောသည် ။ ဂျန်းနီ ဘာမျှ ပြန်မပြောနိုင်ခင်မှာပဲ လီဆာက ချန်းကို ကျောပိုးပြီး ဖြစ်၏ ။
လီဆာသည် ချန်းအား အိပ်ခန်းထဲအထိ တင်ခေါ်လာသည် ။ ထို့နောက် အနောက်မှ လိုက်လာသော ဂျန်းနီကို ကြည့်သည် ။ လူသေတစ်ယောက်ကဲ့သို့ မျက်ဝန်းအသေများဖြင့် ဂျန်းနီကို လီဆာ စိုးရိမ်စိတ်လျော့အောင် ပြောလိုက်သည် ။
"အရင်တစ်ခေါက်ကလို ဖြစ်သွားတာ ဖြစ်မယ် ဂျန်းနီ"
သို့သော် ဂျန်းနီသည် ကုတင်ပေါ်တွင် မေ့မျောနေသော ချန်းကိုသာ စူးစိုက်ကြည့်နေသည် ။ အသိစိတ်လွတ်သွားသည့် လူတစ်ယောက်လိုမျိုး ဂျန်းနီသည် ဘေးမှ လီဆာ့အသံကိုလည်း နားထဲဝင်ပုံမပေါ် ။
"ဂျန်းနီ !! ဂျန်းနီ !!! သတိထားပါဦး"
မျက်ရည်များဖြင့် ငေးငိုင်နေသည့် ဂျန်းနီအား လီဆာက စိုးရိမ်တကြီး ခေါ်သည် ။ ချန်းက နေမကောင်းရသည့်အထဲ ဂျန်းနီ ပုံရိပ်ကြောင့် လီဆာပါ မျက်ရည်များ ဝဲလာသည် ။
"ငါ မှားခဲ့တာ လီဆာ ၊ ဒါတွေအားလုံးက ငါ့အမှားလို့ ခံစားနေရတယ်"
"မဟုတ်တာ ဂျန်းနီကလည်း ၊ အဲ့လိုကြီး မလုပ်ဘဲ ချန်းကိုပဲ အရင်ဆုံး အဖျားပျောက်အောက် လုပ်ပေးလို့ မရဘူးလား"
YOU ARE READING
I wish you a Merry Christmas
Fanfictionဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။