"ဂျိန်း သက်သာရဲ့လား"
ထိုချိုမြသည့် အသံကြောင့် ဂျန်းနီ မျက်လုံးတို့ ပွင့်လာကြသည် ။ ကြည့်လိုက်တော့ ချန်းရင်ခွင်ထဲ ရောက်နေသည်ပင် ။
"ဘုရားရေ ချန်း အဆင်ပြေရဲ့လား"
လူနာက သူ့ကို ပြန်ပြီး သက်သာရဲ့လား မေးနေတာကြောင့် ဂျန်းနီ အထိတ်တလန့် ဖြစ်သွားမိသည် ။ မနေ့က ချန်းသတိပြန်ရရချင်း လီဆာ့ကို ဖုန်းဆက်ခေါ်သည် ။ လီဆာရောက်လာပြီး နောက်ပိုင်း ပြောခဲ့တာတွေက ဂျန်းနီအတွက်တော့ ရင်လေးစရာတွေချည်းပင် ။
အဲ့ဒီနောက် ညပိုင်းရောက်တော့ လီဆာ ပြန်သွားခဲ့သည် ။ အခုမနက်မှာတော့ ဂျန်းနီသည် ချန်းရင်ခွင်ထဲမှ နိုးထလာခဲ့သည် ။
"အဆင်မပြေပါဘူး ၊ ဘယ်က ဝက်ဝံလေးတစ်ကောင်လဲ မသိဘူး ၊ ကိုယ့်အိပ်ရာပေါ် အတင်းတက်လာပြီး ရင်ခွင်ထဲ တွယ်ကပ်နေတာကြောင့် တစ်ညလုံး အိပ်လို့ကိုမရဘူး"
ဂျန်းနီ ချန်းကို အားနာမိသည် ။ လူက နေမကောင်းဖြစ်နေရသည့် ကြားထဲ သူကပါ ဒုက္ခပေးနေမိသလိုပင် ။
"တောင်းပန်ပါတယ် ချန်း ၊ ကျွန်မလည်း မသိလိုက်ပါဘဲ ချန်းအိပ်ရာထဲ ရောက်နေမိတာ"
"အင်း တောင်းပန်ရင်တော့ အချိုကျွေးရမှာပဲနော်"
ပြုံးစစ ချန်းမျက်နှာကလေးသည် နေမကောင်းဖြစ်ထားသည့်အတွက် နွမ်းလျနေသည် ။ သို့သော် ဂျန်းနီကိုတော့ ရယ်အောင် လုပ်နိုင်သေးသည် ။ ဂျန်းနီသည် ချန်းရင်ခွင်ထဲမှ နေ၍ ချန်းနှုတ်ခမ်းသားတို့ဆီ အလည်သွားသည် ။ ဖျတ်ကနဲသာ လှမ်းနမ်းလိုက်သည်ကြောင့် ချန်းက ကျေနပ်ပုံမပေါ် ။
"ဂျိန်းကလည်း နည်းနည်းကြာကြာ ဖိထားရမှာပေါ့"
"ချန်းမှ နေမကောင်းသေးတာကို"
ဂျန်းနီ မနေ့ညက ကယောင်ကတမ်းပြောထားမိတာတွေကို ဝိုးတဝါးမှတ်မိသည် ။ ထင်တာမမှားရင် ချန်းကို သူ စိုးရိမ်နေရသည့် အကြောင်းတွေ အကုန် ဖွင့်ပြောခဲ့သည် ထင်ပါသည် ။
"ချန်း"
"ဟင်"
"မနေ့ညက ကျွန်မ ပြောထားတာတွေကို ...."
YOU ARE READING
I wish you a Merry Christmas
Fanfictionဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။