နှစ်နှစ်ကြာပြီးနောက်
အခန်းထဲတွင် အလင်းရောင်မှိန်ပျပျသာ ရှိသော်လည်း တချက်ချက်အသံများကြောင့် သူ နိုးလာခဲ့သည် ။ ဘေးနားက နာရီကို ကြည့်လိုက်တော့ မနက်နှစ်နာရီ ။
"မအိပ်သေးဘူးလား"
"အင်း"
တစ်လုံးတည်းသော အဖြေက မနက်နှစ်နာရီကြီး သူ့ကို မျက်မှောင်ကြုတ်စေသည် ။ ဂျီဆူး အိပ်ရာမှ ကုန်းရုန်းထကာ သူ့ဆီသွား၍ အဆက်မပြတ်စာရေးနေသော သူ့လက်များကို ဆုပ်ကိုင်ပစ်လိုက်သည် ။
"အိပ်တော့ ဂျိန်း"
"လွှတ်ပါ ဂျီဆူး"
နှစ်နှစ်ကြာသော်လည်း ထိုနာမ်စားက မပြောင်းလဲသေးပေ ။ ဂျီဆူး သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်၍ သူ့ဘေးနားလေး ထိုင်ချလိုက်မိသည် ။
"နေမကောင်းဖြစ်လိမ့်မယ်"
"ဒါရေးပြီးရင် အိပ်မှာ"
စားပွဲခုံပေါ်က ပွင့်လျက်ရှိသော လက်ပ်တော့တွင် သတင်းဆောင်းပါးတစ်ခုကို မြင်နေရသည် ။ ဂျီဆူး စကားမများချင်တော့တာကြောင့် မတ်တပ်ပြန်ရပ်လိုက်သည် ။ ဆောင်းပါးက " အမ်စတာဒမ်ကုမ္ပဏီခွဲ၏ ဥက္ကဌ ပတ်ရိုဆန်" ဆိုသည့် ခေါင်းစဉ်ဖြင့် ။
"ဒါဆိုလည်း မြန်မြန်လုပ်ပြီး အိပ်တော့နော်"
"အင်း"
နှစ်နှစ်အတွင်း ဂျီဆူး ဘာတွေများရလိုက်သလဲဆို သူ့ကို အနားပြန်ခေါ်ထားလိုက်နိုင်လို့ ပြေလျော့သွားတဲ့ နောင်တအချို့ရယ် ၊ သူ့ကို ရွေးချယ်ခဲ့ပြီး အဝေးဆုံးကို ထွက်လာခဲ့လို့ အရင်နေရာဟောင်းမှာ ကျန်ခဲ့တဲ့ ပူပန်မှုတွေရယ် ။ ဒီနှစ်ချက်နဲ့တင် သူ ဂျိန်းကို အကြာကြီး စောင့်နိုင်ခဲ့သည် ။ ဆက်ပြီးတော့လည်း စောင့်နိုင်လိမ့်ဦးမည် ။ ဒီတစ်ခေါက်ဟာ ဂျိန်းကို လက်လွှတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့သည့် နောက်ဆုံးအခေါက်ပင် ။ ဂျီဆူး စိတ်ကိုတင်းလျက် အိပ်ရာပေါ် ပြန်လှဲကာ မျက်လုံးများ မှိတ်ပစ်လိုက်သည် ။
မင်းနှလုံးသားကို အပိုင်ပြန်မရတောင် အနားမှာ ရှိနေပေးတာနဲ့တင် လုံလောက်ပြီမလို့ ငါ့ဘေးနားမှာသာ ခပ်ကြာကြာနေပေးပါ ဂျိန်း ။
YOU ARE READING
I wish you a Merry Christmas
Fanfictionဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။