လီဆာက တစ်ခုခုကို မျက်မှောင်ကြုတ် စဉ်းစားနေပုံရတယ် ။ ချန်းက လူရှင်းနေတဲ့ အချိန်မလို့ လီဆာနဲ့ အတူ ထိုင်စကားပြောနေတာရယ် ။ ကော်ဖီဆိုင်မှာ အလုပ်လုပ်တာ တစ်ပတ်ကျော်တော့ ဆိုင်ရှင်နဲ့လည်း ရင်းနှီးလာပြီ ။ အခုဆိုရင် ချန်းတစ်ယောက် လီဆာနဲ့လည်း ပိုပြီးတော့တောင် ရင်းနှီးလာပြီ ။
"အာ မသိတော့ဘူး လီဆာလည်း မစဉ်းစားနိုင်တော့ဘူး"
"ဂျိန်းဆီကို တစ်ခုခု မကောင်းတာ ဖြစ်လာမှာ စိုးရိမ်မိတယ် လီဆာ"
"အင်း လီဆာရောပဲ ၊ ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ ချန်းက ဘာမှ မမှတ်မိတာ ၊ အဲ့တော့ လီဆာတို့လည်း ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူးရယ်"
ဟူးးး
ချန်းက သက်ပြင်းရှည်ကြီးကို ဟူးခနဲ မှုတ်ထုတ်တယ် ။
"ကဲပါ ချန်းရယ် ၊ အဲ့ဒီ အကြောင်းကို လီဆာတို့ နောက်မှ အေးဆေး စဉ်းစားကြတာပေါ့ ၊ နောက်အပတ် သောကြာနေ့က ဆိုင်ပိတ်မှာလို့ ပြောတယ် ၊ အဲ့ဒီ နေ့ကျ လီဆာ ချန်းကို လာခေါ်မယ်လေ"
"အင်း လီဆာ ၊ အဲ့လို လုပ်ကြတာပေါ့"
သူတို့နှစ်ယောက် ဆိုင်ထဲကို ဝင်လာတဲ့ ဧည့်သည်ကြောင့် စကားစ မြန်မြန်ဖြတ်လိုက်ကြတယ် ။ လီဆာက မုန့်ဖုတ်ခန်းထဲကို ပြန်ဝင်သွားပြီး ချန်းက ခုဏ ဧည့်သည်ဆီကို သွားတယ် ။
"ဘာများ သုံးဆောင်မလဲ ဧည့်သည်"
ခဲတံနဲ့ noteစာအုပ်သေးသေးလေးကို ကိုင်ကာ ရပ်စောင့်နေပေမဲ့ သူ့ကိုပဲ အံ့ဩတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေတဲ့ ဧည့်သည်ကြောင့် ချန်း ထိတ်လန့်သွားရတယ် ။
"ဧည့်သည်!"
"ရှင် ဪ စိတ်မရှိပါနဲ့"
ချန်းမသိလိုက်ခင်မှာပဲ အရှေ့က အမျိုးသမီးက သူ့မျက်ဝန်းတွေထဲက တစ်စုံတစ်ခုကို တွေ့သွားမှာ စိုးရိမ်သည့်အလား ခေါင်းငုံ့ချတယ် ။ ချန်းတစ်ယောက် ဘာလုပ်ရမှန်းမသိ ။
"ကျွန်မကို ပေါင်မုန့်ရှည်သုံးခုပေးပါ ၊ ဒီမှာ မစားဘူး"
"ဟုတ်ကဲ့ ခဏ စောင့်ပေးပါ ဧည့်သည်"
YOU ARE READING
I wish you a Merry Christmas
Fanfictionဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။