တံခါးဖွင့်လိုက်သည်နှင့် နွမ်းဖတ်နေသော သူ့ပုံရိပ်ဟာ ဂျန်းနီကို အတော် အံ့အားသင့်စေသည် ။ နေ့လယ်ကပင် သူ့ကို ဂျန်းနီကိုယ်တိုင် ဆေးရုံပို့ပေးခဲ့ရသည်မလား ။ မဟုတ်ရင်တောင် မိုးမိပြီး အတော်အားနည်းနေဦးမှာကို ။
"ဂျိန်း"
အင့်ခနဲမြည်အောင် လာဖက်သော ရိုဆန်မည်သည့် ချန်းကို ဂျန်းနီ တွန်းမဖယ်ရက်ခဲ့ ။ ကလေးတစ်ယောက်သဖွယ် ရင်ခွင်ထဲ အတင်းတိုးဝင်ကာ အသံမထွက်အောင် ငိုနေသော ချန်းကို ဘယ်လိုလုပ်ပေးရမလဲ ဂျန်းနီမသိ ။ ဒီအိမ်ကို ဘယ်လိုရှာတွေ့သလဲဆိုတာကိုလည်း ဂျန်းနီ မသိ ။ နောက်ပြီး ဒီနှစ်တွေအတွင်း သူ ဘာတွေဖြစ်နေခဲ့မလဲ ဂျန်းနီ မသိ ။ ဂျန်းနီ ကိုယ့်ကိုယ်ကိုယ်တောင် မေးခွန်းထုတ်မိနေပြီ ။ ချန်းဘေးနား ပြန်သွားလို့ရော ထိုက်တန်ပါတော့မလား ။ သူဟာ ချန်းဆီက ကတိတွေ တဖွဖွတောင်းခဲ့ပြီး ချန်းကို အရင်ဆုံး ထားခဲ့တဲ့သူမလား ။
"ချန်း"
"ကိုယ် နေမကောင်းဘူး ဂျိန်း ၊ မင်းကြောင့်"
ခါးတွင် ရစ်ဖွဲ့ထားသော သူ့လက်ချောင်းများ လက်သီးဆုပ်လေး သဏ္ဌာန်ဖြစ်သွားတာ ၊ မငိုမိဖို့ ထိန်းနေတာ ၊ ဂျန်းနီ ချီတုံချတုံဖြင့်ပင် သေးငယ်သော သူ့ကျောပြင်လေးကို ခပ်ဖွဖွ ပွတ်သပ်ပေးနေမိတော့သည် ။ အခုအချိန်မှာ "တောင်းပန်ပါတယ်" ဆိုတာကလွဲ ပြောလို့ရမဲ့ စကားလုံးတွေကို ဂျန်းနီ ရှာမတွေ့ပါလေ ။ အရာအားလုံးဟာ ဂျန်းနီ ထင်နေသလိုပဲ ၊ ဂျန်းနီအမှားကြောင့်ပဲ ဖြစ်လာတာတွေလား ။ အဲဒီနေ့က ၊ ခရစ္စမတ်မရောက်ခင်ညက ချန်းကိုသာ သူ ရှာမတွေ့ခဲ့ရင် ၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဂျီဆူးသာ သူ့ကို မစွန့်လွှတ်ခဲ့ရင် ၊ အရာအားလုံးဟာ အခုအခြေအနေနဲ့မတူ ပြောင်းလဲနေမှာမလား ။
"မင်း အခုချိန် ကိုယ့်ဆီက ထပ်ပြီး ထွက်သွားတော့မယ်ဆို ကိုယ့်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးမှတ် ဂျိန်း ၊ မင်းသာ ကိုယ့်ကို ထပ်ထားခဲ့ရင် ကိုယ် သေပစ်မိတော့မှာ"
"ချန်း !!"
ဒီနာမ်စားကိုပဲ အလန့်တကြားရေရွတ်မိတော့ ခါးကအင်္ကျီစကို ဆုပ်ကိုင်ထားသည့် သူ့လက်တွေ ပိုတင်းသွားတာ ခံစားလိုက်ရသည် ။
YOU ARE READING
I wish you a Merry Christmas
Fanfictionဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။