17

294 55 6
                                    

ကမ့်ပိန်း launch လုပ်နေသည့် နှစ်ပတ်အတွင်း ရိုဆန်ဟာ စိတ်နဲ့လူ မကပ်သည်ကြောင့် သူ့အတွင်းရေးမှူးဖြစ်သူ ဟင်နရီခမျာ အတော်စိုးရိမ်နေခဲ့ရသည် ။ သို့သော်လည်း ကြိုတင်ပြင်ဆင်ထားတတ်သော အလေ့ရှိသည့်အတွက်ကြောင့် ဂျိန်းကိစ္စဟာ ကမ့်ပိန်းကို မထိခိုက်စေဘဲ လွတ်လွတ်ကျွတ်ကျွတ် ပြီးဆုံးသွားခဲ့၏ ။ ဒီနှစ်ပတ်အတွင်း ရိုဆန်မှာ အန်ကယ့်ဆီက စာကို မျှော်နေခဲ့ရတာလည်း အရူးတစ်ယောက်အတိုင်း ။ ကမ့်ပိန်းကိစ္စကြောင့်သာ မဟုတ်ရင် သူ အန်ကယ့်ဆီကို လိုက်သွားခဲ့တာ ကြာလောက်ပြီ ။ နောက်ပြီး လီဆာနဲ့လည်း မတွေ့ဖြစ်သေး ။ ဒီအကြောင်းတွေ ပြောပြဖို့ရာကို တစ်စုံတစ်ခုဟာ ရိုဆန့်ကို ဆွဲထားနေသလို ခံစားရသည် ။ ဒီအကြောင်းအရာတွေကို တစ်စုံတစ်ယောက်ဆီမှာ ပြန်ပြောပြဖို့ရာအတွက်ကိုလည်း ရိုဆန်ဟာ အတော် အင်အားမရှိတော့ပြီ ဖြစ်သည် ။

"မမလေး"

တံခါးခေါက်သံ ကြားရသည် ။ မျက်လုံးတွေက ဖွင့်ကြည့်ဖို့ကို အတော် ပင်ပန်းနေပြီ ။

"ဝင်ခဲ့ ဟင်နရီ"

တံခါးဖွင့်သံ ကြားလိုက်ရပြန်သည် ။ ဟင်နရီ့ခြေသံ ကိုလည်း ကြားရသည် ။ ထို့နောက် အခန်းထဲ တိတ်ဆိတ်သွားပြန်၏ ။

စားပွဲပေါ် လက်ထောက်ကာ မျက်လုံးများမှိတ်၍ စိတ်ပျက်လက်ပျက်ဖြစ်နေသော သူ့မမလေး ပုံစံဟာ ဟင်နရီအား အတော် စိုးရိမ်ရစေသည် ။ ဟင်နရီသည် မမလေးဘေးနား ဒီနှစ်တွေအတွင်း အနီးဆုံးနေခဲ့ရသူ မဟုတ်ပါလား ။ သခင်ကြီး၏ စေခိုင်းချက်အရ မမလေးအနီးသို့ ရောက်ရှိခဲ့ရပြီး မမလေး၏ ကြင်နာမှုများနှင့် ဒီလိုနေရာမှာ သက်သောင့်သက်သာ နေနိုင်ခဲ့သည် မဟုတ်လား ။ ဟင်နရီဟာ မမလေးဘေးသို့သာ မရောက်ခဲ့လျှင် ကျေးလက်ရွာကလေးတစ်ရွာတွင် သခင်ကြီး၏ စံအိမ်တစ်လုံးကို စောင့်ရသော အိမ်စောင့်သာသာလူ၏ သားတစ်‌ယောက်သာ ဖြစ်နေလိမ့်မည် ။

ဟင်နရီသည် မမလေး၏ ညှိုးနွမ်းနေသော ပုံစံကို ကြည့်ကာ သက်ပြင်းတစ်ချက်ကို မသိမသာ ချလိုက်သည် ။

"ဒီကုမ္ပဏီနာမည်နဲ့ လိပ်စာတပ်ပြီး စာတစ်စောင်ရောက်လာပါတယ် မမလေး"

I wish you a Merry ChristmasWhere stories live. Discover now