အပိုင်း ( ၁ )

2.8K 57 2
                                    


"×ာသည်မ .... လူပါးဝတယ် ဟတ်လား "
ခပ်ဝဝ မိန်းမကြီးတစ်ဦး၏ အော်ဟစ်ဆဲဆိုသံက
နားမခံသာစွာ ထွက်ပေါ်လာသည်။

" လူပါးဝ မခံချင်ရင် ငါ့ကို လာမထိနဲ့
​ေ×ာက်ကောင်မရဲ့ "
"ဖြောင်း......."
တစ်ဖက်မှ ခပ်နွမ်းနွမ်း အဝတ်အစားနှင့် အမျိုးသမီးက ပြန် ခံပြောရင်း
ဦးစွာ ပါးရိုက်ထည့်လိုက်သည်။

"ဖေ×ိုးမ ..."
ခပ်ဝဝ မိန်းမကြီးကလည်း ပါးရိုက်ခံလိုက်ရ၍
တစ်ဖက်အမျိုးသမီး၏ ဆံပင်ကို ဆောင့်ဆွဲကွာ
နပန်း ထသတ်ကြတော့သည်။

"ဟဲ့ .... လုပ်ကြဦး။
ဟိုမှာ မိကြာညို နဲ့ ဒေါ်မြတ် တို့ နပန်းသတ်နေကြပြီ "

ထို ရန်ပွဲကို ကြည့်နေသူ တစ်ယောက်က အော်လိုက်သော
စကားကြောင့် ထိုရပ်ကွက်မှ လူအများ
ဝိုင်းအုံရောက်လာကြသည်။

"မိကြာ , တော်တော့ဟာ "

"ဒေါ်မြတ်ကြီး လည်း တော်တော့ "
ဟိုဖက်ကိုရော ဒီဖက်ကိုရော ဆွဲ၍
ဖျန်ဖြေ လိုက်ကြရသည်။

"အသက်ကြီးပြီး အချိန်မစီးတဲ့ အဘွားကြီး။
နောက်တခါဆို သေမယ် မှတ် "
ကြာညို က ခပ်စွာစွာ အော်ဟစ်ကြိမ်းမောင်း လိုက်သည်။အင်ကြင်းက သူငယ်ချင်းဖြစ်သူ
ကြာညို ကို ဆွဲခေါ်လာလိုက်ပြီး

"မိကြာရယ် , နင့်မလည်း စိတ်လျော့ပါတော့။
ဒေရဿ နဲ့ ပိုးမြေ့ မှာ မိဘခေါ်စရာ နင်ပဲရှိတော့တာနော် "

"အေး ငါ သိပါတယ်"
အင်ကြင်း၏ စကားကြောင့် ကြာညိုလည်း
ဆောင့်ကြီးအောင့်ကြီး နှင့် အိမ်လေးဆီသို့
ပြန်လာလိုက်သည်။

ရပ်ကွက်အစွန်အဖျားလေးဆီသို့
၃,၄ မိနစ်ခန့် လမ်းလျောက်ပြီးတော့ ရေမြောင်းဘေးတွင် ခနော်ခနဲ့ ဆောက်ထားသော
ကြာညို၏ သွပ်မိုးအိမ်လေးသို့ ရောက်လာသည်။
အိမ်ရှေ့တွင်လည်း အပင် ၃,၄ ပင်ခန့် စိုက်ထားသည်။

"မေကြီးရေ...."
အိမ်ရှေ့ရောက်တော့ ၈ နှစ်အရွယ် သားလေးက ပြေးထွက်လာသည်။ ကြာညိုလည်း သားလေး ဒေရဿ ကို
ချီ၍ အိမ်ထဲသို့ ဝင်လာခဲ့သည်။

"မေကြီး သား ပုံဆွဲထားတယ် "
ဒေရဿ လေးက စာရွက်ခပ်နွမ်းနွမ်းလေးမှာ
ဆွဲထားသော ပုံလေးကို ကြာညို့ကို ပြသည်။
ကြာညိုလည်း သူမသားလေးဆွဲထားသော
ပုံလေးကို ကြည့်လိုက်တော့
မိသားစု ၄ ယောက်ပုံ။
အဖေရယ် အမေရယ် သားရယ် သမီးရယ် နှင့်။

" ဒေရာသင်္ခ "Where stories live. Discover now