အပိုင်း (၁၁)

226 13 2
                                    


၄ နှစ်ခန့်ကြာသော်...

မြတ်နေသာ တစ်ယောက် တက္ကသိုလ်မှ အပြန်
သူငယ်ချင်း မင်းခွန်းသ ၏ အိမ်ဘက်ကို ကားကို
ဦးတည်လိုက်သည်။ အသက် ၂၀ အရွယ်
တက္ကသိုလ် ကျောင်းသားကြီး ဖြစ်နေပြီမလို့
အိမ်ကလည်း သူ့ကို ကိုယ်ပိုင်ကားတစ်စီး
ဝယ်ပေးထားသဖြင့် မြတ်နေသာလည်း
အမြဲ လေလွင့်နေတော့သည်။လမ်းကြားထဲ ချိုးအကွေ့လေးရောက်တော့

"ဟင် .... ဟို ဒေ ဒေရဿ "
လိမ်းထိပ်ရှိ အုတ်ခုံတွင် တစ်ယောက်တည်း
ထိုင်ရင်း ဆေးလိပ်သောက်နေသော ဒေရဿ ကို
တွေ့လိုက်ရသည်။ လွန်ခဲ့သော ၄ နှစ်ခန့်က လက်ဖက်ရည်ဆိုင်တွင်
သူ့ကို ကူပြီး ရန်ဖြစ်ပေးခဲ့သော ကောင်လေး။

မြတ်နေသာလည်း ကားကို ချက်ချင်းရပ်လိုက်ပြီး စက်သတ်ကာ ဒေရဿ ဆီ လမ်းလျောက်သွားလိုက်သည်။

"ဒေရဿ မလား.. ငါ့ကို မှတ်မိလား "
ဒေရဿလည်း လှည့်ကြည့်တော့ ရုတ်တရက်
ဘယ်သူမှန်း မမှတ်မိချေ။

"အာ.. ဘယ်သူလဲ .."
ဒေရဿ က မျက်မှောင်ကြုတ်၍ မေးလိုက်တော့

"အမ် ... လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက
ဟိုးထောင့်က လက်ဖက်ရည်ဆိုင်မှာ ငါ ရန်ဖြစ်တော့ မင်း ဝင်ကူပေးသေးတယ်လေ "

မြတ်နေသာ က ပြောလိုက်တော့ ဒေရဿလည်း
မျက်လုံးစွေကာ ခဏကြာမျှ စဉ်းစားနေပြီးနောက်

"အော် မှတ်မိပြီ။ လက်ဖက်ရည်ဆိုင်မှာ အထိုးခံနေရတဲ့ တစ်ယောက် "
ဒေရဿ က ဒဲ့ကြီးပြောလိုက်တော့ မြတ်နေသာလည်း စပ်ဖြဲဖြဲ လုပ်လိုက်ပြီး

"ဟုတ်တယ် ဟုတ်တယ်။ အဲ့တုန်းက မင်းကို
သေချာ ကျေးဇူးမတင်လိုက်ရဘူး"

"အော် ရပါတယ်ကွာ။ မျက်လုံးထဲ မတရားတာမြင်လို့ ဝင်ကူပေးလိုက်ရုံပဲ "
ဒေရဿက ပြောလိုက်တော့

"မင်း အားရင် ငါ တစ်ခုခု လိုက်ကျွေးပါရစေ "

"အယ် ....."
ဒေရဿက နာရီကို တစ်ချက်ကြည့်လိုက်ပြီး

"Ok လေ။ ၁ နာရီလောက်တော့ အားတယ် "

"ဒါဆို သွားကြမယ်လေ။ ဒီနားမှာ ငါ သိတဲ့ ဆိုင်ကောင်းကောင်း တစ်ခုရှိတယ်။ သိပ်မဝေးဘူး "

" ဒေရာသင်္ခ "Where stories live. Discover now