အပိုင်း (၈)

270 15 0
                                    

" ဒေရာသင်္ခ "
အပိုင်း ( ၈ )

ရထားက လှုပ်လီလှုပ်လဲ့ ၊ ယိမ်းတိမ်းယိမ်းတိမ်း နှင့် ပြေးနေသည်။ ရာမိုးဈာန်လေးက ရထားပြတင်းပေါက်မှ တဆင့် ပတ်ဝန်းကျင်ကို ငေးကြည့်နေသည်။ဒါက သူ့ဘဝရဲ့ ပထမဆုံး ရထားစီးဖူးခြင်း ဖြစ်သည်။ ယခင်က ကား သို့မဟုတ် လေယာဉ် ဖြင့်သာ သွားလေ့ရှိပြီး ဒီတစ်ခေါက်တော့ ဖခင်ဖြစ်သူ ဈာန်ဧကရာဇ်က အတွေ့အကြုံရရန် ရထားစီးခိုင်းခြင်း ဖြစ်သည်။

"ဖေဖေ မေမေ့ကို ပထမဆုံး တွေ့တာ ရထားပေါ်မှာပေါ့နော် "
ရာမိုးဈာန်လေးက မေးတော့ ဈာန်ဧကရာဇ်လည်း
သင်းမုဒြာနဲ့ ပထမဆုံး စတွေ့သည့်အဖြစ်အပျက်လေးကို သတိရမိသွားသည်။
ထိုအချိန်တုန်းက သင်းမုဒြာ၏ ပိုက်ဆံအိတ်လေးသာ မကျခဲ့ပါက ဈာန်ဧကရာဇ် ဘယ်မြို့ထိ
သွားရှာရမယ်မှန်း သိမှာမဟုတ်ခဲ့။

"ကော်ဖီ လက်ဖက်ရည် ရမယ် ကော်ဖီ လက်ဖက်ရည် "
၁၀ နှစ်အရွယ် ကောင်လေးက ခြင်းတောင်းနှင့်
ဓါတ်ဗူးလေး ကိုင်ကာ ရထားပေါ်တွင် ကော်ဖီနှင့် လက်ဖက်ရည် လိုက်ရောင်းနေသည်။

"သားတို့ကျ အေးအေးချမ်းချမ်း နေနိုင်ပေမယ့်
သူတို့ဘဝကျ မနေနိုင်ဘူး။ လောကဓံက ကြောက်ဖို့ ကောင်းလိုက်တာ "
ရာမိုးဈာန်က ဖြတ်သွားသော ကောင်လေးကို ကြည့်၍ တွေတွေလေး ပြောလာသည်။

"သံသရာက မလွတ်သ၍ ဘဝပေါင်းများစွာ ဖြတ်သန်းနေရဦးမှာပဲ သားရဲ့။ ကိုယ် လုပ်ခဲ့တဲ့ ကံ တွေက ကိုယ့်နောက်ကို ထက်ကြပ်မကွာ
လိုက်နေမှာပဲ။ "
ဈာန်ဧကရာဇ်က ရှင်းပြတော့ ရာမိုးဈာန်က

" ဒါဆို ဖြစ်သမျှက အတိတ်ကံပေါ့ ဟုတ်လားဖေဖေ "

"အဲ့လိုလည်း မဟုတ်ဖူးသားရ။
ကံအဟောင်းရော ကံအသစ်ရော ၂ ခုရောနေကြတာ။ တစ်ဝက်စီပေါ့ကွာ "

"ဟုတ် ဖေဖေ "
ဗဟုသုတ များသော ရာမိုးဈာန်က ဖခင်ဖြစ်သူ၏ စကားကို သေချာနားထောင်၍
သင်ယူနေသည်။

" ဒါ့ကြောင့် ဒီဘဝမှာ တရားသေချာအားထုတ် ၊
လူတိုင်းကို မကောင်းတဲ့စိတ် ၊ ယုတ်မာတဲ့ စိတ်
မမွေးရဘူး။ အပစ်တင် ၊ ကဲ့ရဲ့ ဝေဖန်တာတွေလည်း မလုပ်နဲ့။ "
ဈာန်ဧကရာဇ်က ပြောပြီးတော့ ရေသောက်နေသည်။

" ဒေရာသင်္ခ "Where stories live. Discover now