အပိုင်း (၁၈)

219 12 1
                                    

" ဒေရာသင်္ခ "
အပိုင်း (၁၈)

ည ၉ နာရီ ခန့် တွင် ရန်ကုန်မြို့၏ ညခင်းက စည်ကားလျက်ရှိသည်။
အတိအကျပြောရလျှင် နာမည်အကြီးဆုံး
" Ghost " club ရှေ့တွင် အလွန်တိုးကြိတ်နေကြလျက် ရှိသည်။

ဝန်ကြီးချုပ်၏ သားဖြစ်သူ ထက်မြင့်ဟန် ကိုယ်တိုင် ဖွင့်ထားသော club တစ်ခု။ လူချမ်းသာ အသိုင်းအဝိုင်းများပင် လာကြသော
club။ သူ့ထက်ငါ အပြိုင်အဆိုင်များသော
ရပ်ဝန်းတစ်ခုပင်။

club ၏ အရှေ့တွင် တန်းစီနေသူက များပြားလှသည်။ လုံခြုံရေး ကြပ်မတ်ပြီး လူတိုင်း ဝင်၍ မရသောကြောင့် club ထဲ လာရန် စောင့်ဆိုင်းနေရသူက များလှသည်။

ရာမိုးဈာန် မပါသဖြင့် ရွှေယုသင်္ခလည်း သူငယ်ချင်း ကောင်မလေး ၃ ယောက်နှင့်သာ လာရသည်။ ဒီနေ့သည် " Ghost club " ၏ အထူးခြား အခမ်းနားဆုံး ပွဲနေ့ ဖြစ်သည်မဟုတ်ပါလား။
ထို့ကြောင့် ရွှေယုသင်္ခက ဖက်ဖူးရောင် အစိမ်းဖျော့ဖျော့ Mini-dress လေးကို ဝတ်ဆင်လာသည်။

ရွှေယုသင်္ခလည်း တခြား သူဌေးသားသမီးများ နည်းတူ ဝင်ခွင့်ရဖို့ တန်းစီစောင့်ဆိုင်းနေရသည်။
တန်းစီစောင့်နေသည် ဆိုသော်လည်း ရိုးရိုးမဟုတ်။ အသုံးအဆောင် , အဝတ်အစားများကို
ပြိုင်ဆိုင်နေကြသည်က များသည်။

ထိုစဉ်
"........."
club ရှေ့သို့ ကား ၃ စီး က ခပ်မြန်မြန်အရှိန်နှင့်
ဝင် ရပ်လာသည်။ အရှေ့နှင့် အနောက်က ကား ၂ စီးက Landcruiser အနက်ရောင်။ အလယ်တွင်မူ
Bentley ကား အညိုရောင် ကြီးက ဖိန့်ဖိန့်ကြီး
တည်ရှိနေသည်။

"အယ် ဘယ်သူများလဲ "
"ကားကတော့ အမိုက်စားပဲ "

အားလုံး၏ အကြည့်များက ထိုကား၃ စီး ပေါ်တွင်သာ ရှိသည်။ land cruiser အနက်ရောင် ၂ စီးမှ
shirt အနက်နှင့် trouser အနက် ဝတ်ထားသူ
လူ ၆ ဦးက အလောတကော ဆင်းလာသည်။
ထို့နောက် အလယ်မှ Bentley ကား အညိုရောင်ဆီသို့ တန်းစီ၍ ရောက်လာပြီး တံခါးနှင့် အနီးဆုံး လူက ကားတံခါးကို ဖွင့်လိုက်သည်။

ကားတံခါး ပွင့်သွားသည်နှင့် တပြိုင်နက်
ရပ်နေသော လူ ၆ ယောက်က ပြိုင်တူ ခေါင်းငုံ့ကာ
အရိုအသေ ပေးလိုက်တော့ ကြည့်နေတဲ့
လူအများကလည်း ပို စိတ်ဝင်စား
သွားကြသည်။

" ဒေရာသင်္ခ "Donde viven las historias. Descúbrelo ahora