အပိုင်း (၇)

322 11 0
                                    

" ဒေရာသင်္ခ "
အပိုင်း (၇)

မြတ်နေသာ စိတ်ရှုပ်ရှုပ်နှင့် လမ်းထိပ်ထွက်လာလိုက်သည်။ သူကိုယ်တိုင် ကားမောင်းတတ်သော်လည်း အသက်မပြည့်သေးသည့် ၁၆ နှစ်အရွယ် မို့ မိဘများက ကားမဝယ်ပေးချေ။မြတ်နေသာလည်း taxi တစ်စီးငှား၍ မင်းခွန်းသ ဆီထွက်လာလိုက်သည်။ သူ့ကို နားလည်သည်မှာ
မင်းခွန်းသ တစ်ယောက်တည်း ရှိသည် မဟုတ်ပါလား။

မင်းခွန်းသ နေသည့်နေရာ သူနှင့် အနည်းငယ် လှမ်းသည်။ ထို့ကြောင့် မိနစ် ၂၀ ခန့် taxi စီးပြီးမှ မင်းခွန်းသ၏ အိမ်သို့ရောက်လေသည်။

"အန်တီ မင်္ဂလာပါ။ "
မြတ်နေသာက အိမ်ထဲ ဝင်ဝင်ချင်း မင်းခွန်းသ ၏ မိခင်ကို ဦးစွာ နှုတ်ဆက်လိုက်သည်။

"အော် သာသာလေး။ မင်းခွန်းသ ဆီ လာတာလား "
မြတ်နေသာ၏ ရင်းနီးသောသူငယ်ချင်းများနှင့်
သူတို့မိသားစုဝင်များက မြတ်နေသာကို အမြီးစွတ်ကာ ' သာသာ ' ဟု ခေါ်တတ်ကြသည်။

"ဟုတ် အန်တီ။ ခွန်းသ အခန်းထဲ မှာလား "
မြတ်နေသာက မေးရင်း မင်းခွန်းသ အခန်းထဲ
ဝင်ရန် အသွား

"မဟုတ်ဘူးသားရဲ့။ အန်တီ သူ့အဘွားဆီ မုန့်ပို့ခိုင်းထားတာ။ သိပ်တော့မကြာလောက်ဘူးရယ်။
နာရီဝက်လောက်ပဲ "

မြတ်နေသာလည်း မင်းခွန်းသ အမေ၏ စကားကြောင့် မျက်မှောင်ကြုတ်ပြီး စိတ်ပိုညစ်သွားသည်။

"သား ခဏ ထိုင်စောင့်လိုက်ဦးနော် "
မင်းခွန်းသ ၏ အမေက ပြောတော့

"ရတယ် အန်တီ။ မုန့်ဆိုင်မှာပဲ မုန့်စားရင် စောင့်နေလိုက်မယ် "

မြတ်နေသာလည်း ပြောပြီး မင်းခွန်းသ အိမ်မှ
ထွက်လာလိုက်သည်။ ပြီးတော့ လမ်းကြားထဲမှ ဂျောင်ကျသော နေရာတွင် လက်ဖက်ရည်ဆိုင်ကို မြင်လိုက်သည်။ လက်ဖက်ရည်ဆိုင်က သားသားနားနား မဟုတ်။ ထိုင်ခုံအပုလေးများ ၅,၆ ဝိုင်းလောက်သာ ရှိသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေး။

"အစ်ကိုရေ ချိုစိမ့်တစ်ခွက် "
မြတ်နေသာက မှာလိုက်ပြီး ခုံတစ်ခုတွင် ထိုင်စောင့်ရင်း ဖုန်းသုံးနေသည်။ ထို လက်ဖက်ရည်ဆိုင်တွင်
သူ့အပြင် နောက်ထပ် ၃ ဝိုင်းခန့်လည်း ရှိသေးသည်။ လက်ဖက်ရည် လာချတော့ မြတ်နေသာလည်း
လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း
အိတ်ထဲမှ pod ကို ထုတ်ကာ ရှိုက်လိုက်သည်။

" ဒေရာသင်္ခ "Dove le storie prendono vita. Scoprilo ora