အပိုင်း (၉)

258 12 0
                                    

ဒေရာသင်္ခ
အပိုင်း (၉)

"ပါးပါး .... အီး ဟီး..."
စိမ့်ချမ်းနဒီလေး၏ အော်ဟစ် ငိုယိုသံက
ကျယ်လောင်စွာထွက်ပေါ်လာသည်။
သူမ၏ အဖေ ဖြစ်သူ ကိုယ်ခံပညာရှင် ဆရာကြီး
အာ့ရှောင်၏ ရုပ်အလောင်းကို ဖက်လျက် ငိုနေရှာသည်။

"ဖေဖေ ။ သူ့အမေကို မတွေ့ဘူးရော "
ရာမိုးဈာန်က ဈာန်ဧကရာဇ်နားကပ်၍ တိုးတိုးလေး
ပြောလိုက်သည်။ ဈာန်ဧကရာဇ်က မျက်နာကွက်သွားပြီး

" စိမ့်ချမ်းနဒီကို မင်းတို့ဆရာကြီးက မွေးစားထားတာ။ သမီးအရင်း မဟုတ်ဘူး "

"ဗျာ ...."
ရာမိုးဈာန်က စိမ့်ချမ်းနဒီကို ကြည့်၍
ရင်ထဲ ဆွေးမြေ့သွားသည်။

"စိမ့်ချမ်းလေးကို မသိစေနဲ့ဦးနော် သား။
ပြောသင့်တဲ့အချိန်ကို စောင့်ရမယ်"

"ဟုတ် သားသိပါတယ် ဖေဖေ။
ဒါဆို သူ တစ်ယောက်တည်း ဖြစ်နေမှာပေါ့"
ရာမိုးဈာန်၏ အမေးကို

"ဖေဖေတို့ သူတို့ မွေးစားမှာ။
ရန်ကုန်ကို တခါတည်း ခေါ်သွားမှာ သား "
ဖခင်ဖြစ်သူ၏ အပြောကြောင့် ရာမိုးဈာန်လည်း
အနည်းငယ်မျှ စိတ်အေးသွားရသည်။
ဆရာကြီး၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်၍ ရက်လည် ဆွမ်းကပ်ပြီးနောက် ဈာန်ဧကရာဇ် တို့သားအဖ ရန်ကုန်ပြန်တော့ စိမ်းချမ်းနဒီလေးပါ ပါလာလေသည်။

"မေမေရေ ... မေမေ "
အိမ်ရှေ့သို့ taxi ရောက်ရောက်ချင်း ရာမိုးဈာန်က
အမေဖြစ်သူကို အော်ခေါ်၍ အိမ်ထဲ ပြေးဝင်သွားသည်။

"ဟော် မေမေ့သားလေး ပြန်ရောက်ပြီလား "
ဒေါ်သင်းမုဒြာ က သားဖြစ်သူ ရာမိုးဈာန်ကို
ဖက်၍ သားအမိ၂ ယောက်
အလွမ်းသယ်လိုက်ကြသည်။

"မေမေ ဘယ်သူပါလာတယ် ထင်လဲ "

ရာမိုးဈာန်၏ စကားကြောင့် သင်းမုဒြာလည်း
အိမ်ရှေ့ထွက်ကြည့်တော့

"ဟယ် သမီးလေးက ချစ်စရာလေး "
စိမ်းချမ်းနဒီကို ကြည့်ကာ သင်းမုဒြာလည်း
သမီးရင်းချာကဲ့သို့  ချစ်ခင်မိသွားသည်။ ထို့နောက်
သူတို့လည်း ကားပေါ်မှ ပစ္စည်းပစ္စယများ
ချလိုက်ပြီး

"သား သားအခန်းကကျယ်တော့ ဖျေဖ သားအခန်းကိုပဲ ကန့်ပြီး ညီမလေးအတွက် အခန်းလုပ်လိုက်မယ်။ သားအဆင်ပြေလား "
ဈာန်ဧကရာဇ်ကမေးတော့

" ဒေရာသင်္ခ "Where stories live. Discover now