အပိုင်း (၂၁)

291 18 2
                                    


ပြီးခဲ့တဲ့ ညက အဖြစ်အပျက်အတွက်
စိမ့်ချမ်းနဒီ မျက်နာပူ၍ ရှက်နေသည်။
အသိစိတ်လွတ်ပြီး ကိုကို့ကို မဖွယ်မရာတွေ
လုပ်ခဲ့ ပြောခဲ့ မိသည် မဟုတ်ပါလား။

' ဟူး သေစမ်း စိမ့်ချမ်းနဒီ ...
နင်ဘာတွေ လုပ်ခဲ့မိတာလဲဟာ။
နင် တစ်ညလေး စိတ်လွတ်သွားတာက
၁၀ နှစ်နီးနီး တည်မြဲခဲ့တဲ့ ငါ့အချစ်တွေကို
တမျိုးမြင်သွားစေနိုင်တယ်ဟ '

နဒီ တစ်ယောက်တည်း တောင်စဉ်ရေမရ
တွေးပြီး စိတ်ရှုပ်ဝမ်းနည်းကာ နောင်တရနေမိ၏။ ရင်ဖွင့်စရာလည်း လူသိပ် မရှိသည်မို့
သူငယ်ချင်း ချယ်ရီ့ဆီ ဖုန်းလှမ်းဆက်လိုက်မိသည်။

"Hello အေး နင်အားလား၊
ငါ နင့်ကို ရင်ဖွင့်ချင်လို့ "

"အေး ပြောလေ နဒီရဲ့၊ ဘာကိစ္စလဲ '
ချယ်ရီက အေးအေးလူလူပင်
ပြောလာသည်။

" ငါ တနေ့ညက ကိုကိုနဲ့ club သွားတယ်ဟာ၊
အဲ့တာ ........."
နဒီလည်း club မှာ ဖြစ်ခဲ့သမျှကို မှတ်မိသလောက်
ဖြစ်ကြောင်းကုန်စင် ရင်ဖွင့်လိုက်သည်။

"ဘာ နင်က .. နင့်အကိုကို ချစ်နေတာလား နဒီ "
အံ့ဩဟန်နှင့် မေးလာတော့ နဒီ ဖြေရခက်သွားသည်။

"အင်း .. ဘယ်လိုဖြေရမလဲ "

"နင့် စိတ်ထဲ ရှိတာကို အမှန်အတိုင်းဖြေ "

"ဟူး....."
နဒီ သက်ပြင်းလေး ချလိုက်သည်။ ထို့နောက်

"အင်း ချစ်တယ် ၊ နင် ထင်တာ , တွေးနိုင်တာတွေထက်
ပိုပြီး ချစ်တယ် "
နဒီ့အသံက တုန်ယင် နေသည်။

" သူက နင့်အကို ဆိုတာတော့ နင် သိပါသေးတယ်နော် နဒီ "
ချယ်ရံ အသံက အေးတိအေးစက် ထွက်ပေါ်လာတော့

"ငါ သိပါတယ်၊ ပြောပြရခက်တယ်ဟာ အဲ့တာက "

"ပြီးတော့ နင့်အကိုမှာ သူ သိပ်ချစ်တဲ့
မိန်းကလေး ရှိနေတာကိုလည်း နင် သိတယ်မို့လား "

"ဟူး... ငါသိပါတယ် ချယ်ရီရယ်၊ "

" သိနေရက်နဲ့ နင်က ဘာလို့ ချစ်နေတာလဲ "
ချယ်ရီက မေးလာသည်။

"ငါ့အချစ်က ထိန်းချုပ်လို့မှ မရတာ ၊
ငါ ကိုကို့ကို ချစ်တယ်၊ ကိုကို့အနား အမြဲ ရှိချင်တယ် ၊ ကိုကို့ရဲ့ နွေးထွေးကြင်နာမှုတွေ အကုန်လိုချင်တယ် "
နဒီ ရင်ထဲ ရှိသမျှ ဖွင့်ပြောလိုက်သည်။

" ဒေရာသင်္ခ "Where stories live. Discover now