အပိုင်း (၂၂)

650 15 1
                                    

"ဒေရာသင်္ခ "
အပိုင်း (၂၂)

"ငဒေ အဆင်ပြေခဲ့တယ်မလား "
မြတ်နေသာ က ဆီးကြို၍ မေးလာသည်။
ဒေရဿက အောင်နိုင်သော အပြုံးနှင့်

"ပြေတာပေါ့ နေသာရ၊ ပြေတာမှ ပြေ ပြေ ပြေ
လို့တောင် မြည်နေသေး "
ဒေရဿ ၏ အသံက အူရွှင်မြူးတူးနေတော့
မြတ်နေသာလည်း အလိုလို ပြုံးမိသွားသည်။

"ပြေရင် ပြီးရော၊ အရေးကြီးတာ မင်း ပျော်နေဖို့ပဲ ။ "

"ငါ့ဘေးနားမှာ ငါအချစ်ဆုံး သူငယ်ချင်းကြီး
ရှိနေမှတော့ ငါ ပျော်ရတာ ဆန်းလို့လားကွ ဟမ် "
ဒေရဿ မြတ်နေသာကို စိုက်ကြည့်ရင်း ပြောလာသည်။

"ငါက အမြဲ မင်းဘေးမှာ ရှိမှာပါ၊ မင်းသာ
နှင်မထုတ်ရင်ပေါ့ "
မြတ်နေသာက လေသံပျော့ပျော့လေးနဲ့ ပြောလိုက်တော့

"ဟ ငါက မင်းကို ဘာလို့ နှင်ထုတ်ရမှာလဲကွ
ဟမ် ဟေ့ကောင် မင်းတခုခု ဖြစ်နေတာလား
ပြောစမ်း မိန်းမလိုချင်နေပြီလား "

ဒေရဿက မြတ်နေသာ၏ ပခုံးကို လှမ်းဖက်လိုက်ရင်း မေးသည်။

"အာ မယူချင်ပါဖူး အားအားယားယား "
မြတ်နေသာက ရှုံ့မဲ့ကာ ပြောလိုက်ပြီး သူ့ပခုံးကို ဖက်ထားသည့် ဒေရဿ၏ လက်ကို ပြန်ကိုင်လိုက်သည်။

"ဒါနဲ့ ငါ ကောင်မလေး တယောက်ကို သဘောကျနေတာ နေသာရ၊ မင်း မြင်ရင် မင်းလည်း
သဘောကျသွားမှာ။ "
ဒေရဿ က နှုတ်ခမ်းတစ်ချက်မဲ့ရင်း ပြောလိုက်တော့

"အမယ် မင်း သဘောကျတဲ့ မိန်းမက
တယောက်တည်းရှိတာမှ မဟုတ်တာ "

"ဒီတယောက်ကိုတော့ အတည် ငသာရ၊
တစ်နေ့ကျ ငါ့မဟေသီလေး ဖြစ်စေရမယ် "

ဒေရဿ အတည်ကြီး ပြောလာတော့ နေသာလည်း ရင်ထဲ စို့နင့် သွားပေမယ့် မျက်နာထက်မှာတော့ ပြုံးရုံသာ ပြုံးလိုက်၍

"ပြောပါဦး၊ ငါ့ကောင်ကြီး ဓါတ်ကျနေတဲ့
ကောင်မလေးက ဘယ်သူများလဲ "

"ဟား ဟား၊ secret လေကွာ၊ နောက်ကျ မင်းကို
ငါ ကိုယ်တိုင် ပြမှာ "

ဒေရဿက မြူးတူးစွာ ပြောရင်း အခန်းထဲ ဝင်သွားတော့ မြတ်နေသာလည်း ဆက်မမေးဖြစ်တော့။ ဝဲလာသော မျက်ရည်များကို လက်ဖနောင့်နှင့်သာ ခပ်ကြမ်းကြမ်း သုတ်ကာ စံအိမ်အပြင်သို့ ခပ်နှေးနှေးလေး လျောက်သွားလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Feb 25, 2023 ⏰

Add this story to your Library to get notified about new parts!

" ဒေရာသင်္ခ "Where stories live. Discover now