အပိုင်း (၆)

343 13 1
                                    

" ဒေရာသင်္ခ "
အပိုင်း (၆)

"ဖေဖေ သား ကိုယ်ခံပညာ တစ်ခုခု တတ်ထားချင်တယ် "
ရာမိုးဈာန်၏ စကားကြောင့် ဈာန်ဧကရာဇ်လည်း
စာဖတ်နေရာမှ လှမ်းကြည့်လိုက်သည်။ ရာမိုးဈာန်လေး၏ မျက်လုံးတို့က တည်ကြည်၍ ပြတ်သားနေသည်။ ဈာန်ဧကရာဇ်လည်း ပြုံးလိုက်ရင်း

"သားက ဘာတတ်ချင်လဲ ။ တိုက်ကွမ်ဒို , ကရာတေး , ဗမာ့သိုင်း အစုံရှိတာလေကွာ "
ဈာန်ဧကရာဇ်၏ အမေးစကားကြောင့် ရာမိုးဈာန်ကလည်း

" ဂျီကွမ်ဒို ( Jeet Kune Do )သင်ချင်တာ ဖေဖေ "
ရာမိုးဈာန်လေး၏ စကားကြောင့် ဈာန်ဧကရာဇ်လည်း နည်းနည်းတော့ ရှိန်သွားသည်။
အမှန်အကန်ပြောနေခြင်း ကိုလည်း ဈာန်ဧကရာဇ်
ခံစားမိသည်။

"ဖေဖေ့သား သင်ချင်သပဆို သင်ရမှာပေါ့ကွ "

"yeah ....."
ရာမိုးဈန်လေးက အားတက်တရော အော်လိုက်သည်။

"ရှင်တို့ သားအဖနဲ့တော့နော်။
ကျွန်မသားလေး ပွန်းပဲ့ကုန်ပါဦးမယ် "
ဒေါ်သင်းမုဒြာက အခန်းထဲမီ ထွက်လာရင်း
လှမ်းအော်ပြောလိုက်သည်။

"ကိုယ်ခံပညာ တစ်ခုခု တတ်ထားတာက
အကျိုးမယုတ်ပါဘူး မိန်းမရ။
ဘဝတစ်ကွေ့မှာ အဲ့ပညာတွေက အသုံးဝင်လာမှာ "
ဈာန်ဧကရာဇ်က သင်းမုဒြာကို လှမ်းပြောလိုက်ရင်း ရာမိုးဈာန်ဘက်ကို လှည့်ကာ

"သား စဉ်းစားထားတဲ့ သင်တန်းကျောင်းရှိလား ။
ဒါမှမဟုတ် ဖေဖေတို့ အတူတူ သင်တန်းရှာကြမလား "

"သား လိုင်းပေါ်က ရှာကြည့်တော့
သင်တန်း ၂ ခုတော့ တွေ့တယ်ဖေဖေ။
' Fire Martial Art ' ဆိုတဲ့ သင်တန်းကတော့
နာမည် တော်တော်ကြီးတယ်။ "

ရာမိုးဈာန်လေးက စဉ်းစဉ်းစားစားလေး
ပြောလာတော့

"အဲ့တာဆို အခုပဲ သွားကြည့်ကြမယ် လာ ထ "
ရာမိုးဈာန်လေးလည်း အဝတ်လဲကာ အဖေနှင့်အတူ
Fire Martial Art သင်တန်းကျောင်းသို့ ထွက်လာတော့သည်။

ဈာန်ဧကရာဇ် ကားကို လမ်းကြားထဲ ချိုးဝင်တော့
သင်တန်းကျောင်းက လူနေကျဲသော ရပ်ကွက်လေး၏ လမ်းထဲတွင် တည်ရှိနေသည်။
ဆိုင်းဘုတ် ခပ်နွမ်းနွမ်းကို ထောင်ထားပြီး
အောက်ခံ အနီရောင် မှိန်မှိန်ပေါ်တွင် အဖြူရောင်
စာတန်းနှင့် ရေးထားသည်က ' Fire Martial Art ' ဟူ သော ကျောင်းနာမည်။

" ဒေရာသင်္ခ "Onde histórias criam vida. Descubra agora