အပိုင်း (၁၀)

258 13 0
                                    


လကွယ်ညက မှောင်မိုက်နေသည်။
ရန်ကုန်မြို့၏ ဆင်ခြေဖုံး ရပ်ကွက်လေးတွင်
လမ်းမီးတိုင်က လင်းသည့်နေရာလင်း၊ မှိန်သည့်နေရာက မှိန်နေသည်။ ခပ်ထွားထွား လူတစ်ဦးက ပြည့်တန်ဆာအိမ်မှ ကပိုကရိုထွက်လာပြီး မနီးမဝေးက ကားလေးဆီသို့ သွားနေသည်။

ထိုလူကြီး ကားမောင်းထွက်သွားအပြီး ခဏကြာတော့
ထိုပြည့်တန်ဆာ အိမ်ထဲမှ လူငယ်တစ်ဦးလည်း ထွက်လာသည်။

"အန်တီ တို့ကိုတော့ အမှု မပတ်ပါဘူးနော် ကောင်လေး "
ပြည့်တန်ဆာခေါင်း အဒေါ်ကြီး၏ စကားကြောင့် ထိုကောင်လေးက ပြုံးလိုက်ပြီး

"ကျွန်တော့်မှာ ဒီ vd တွေ ပုံတွေ ရှိနေမှတော့
ဘယ်သူမှ ပြဿနာ မတတ်စေရဘူး အန်တီ။
စိတ်ချပါ "
ကောင်လေးက ပြောပြီး အိတ်ထဲမှ ၅,၀၀၀တန် တစ်အုပ်ကို ထုတ်လိုကသည်။

"အန်တီ့အတွက်ပါ။
ကျွန်တော် သွားလိုက်ပါဦးမယ် "
ကောင်လေးက ပြည့်တန်တာခေါင်း အဒေါ်ကြီးကို နှုတ်ဆက်၍ ထွက်သွားတော့သည်။
____________________________________

"အစ်မ အစ်မ "
ကောင်လေးတစ်ယောက်၏ ခေါ်သံကြောင့် တိုက်ခန်းထဲမှ အသက် ၃၀ အရွယ် မိန်းမကြီး တစ်ဦး
ထွက်လာသည်။

"ဘာကိစ္စလဲ ကောင်လေး "

"စခန်းမှုးကို လာကန်တော့တာပါဗျ "
မုန့်ပုံးအသေးတစ်ခုကို ထုတ်ပြလိုက်တော့
ထိုမိန်းမကြီးလည်း မျက်လုံးအရောင်လက်သွားသည်။

"လာ လာ အထဲဝင် ကောင်လေး "
သံပန်းတံခါးဖွင့်ပေးတော့ ဒေရဿလည်း ဝင်သွားလိုက်ပြီး

"ကျွန်တော် သူငယ်ချင်း၃ ယောက်က ဆေးနည်းနည်းသုံးမိတာ ဆရာကတော် ။ အဲ့တာ ဆရာက
အထင်လွဲပြီး ဖမ်းသွားတာပါ။
အဲ့ ကိစ္စလေးကို ဆရာကတော် ဖြေရှင်းပေးပါလို့
ကျွန်တော် တောင်းဆိုချင်ပါတယ်ဗျာ "
ဒေရဿ၏ စကားကို ထိုမိန်းမကြီးက
ခဏတာမျှ စဉ်းစားနေသည်။

"စခန်းကို လိုက်သွားတော့ စခန်းမှုးက
ဆရာကတော် ပြောရင် တစ်ခွန်းပဲ ဆိုလို့ "
ဒေရဿ က စခန်းမှုး မိန်းမကို မျက်နာချိုသွေးကာ မြောက်ပင့်ပြောဆို လိုက်တော့

"အဟင်း ဒီကောင်လေးက မြောက်နေပြန်ပါပြီ "

ဒေရဿကလည်း

" ဒေရာသင်္ခ "Where stories live. Discover now