အပိုင်း (၁၄)

213 14 0
                                    

" ဒေရာသင်္ခ "
အပိုင်း (၁၄)

ရာမိုးဈာန် YBS ပေါ်မှ ဆင်းကာ တာမွေ အဝိုင်းဘက်
သို့ လမ်းလျောက်နေသည်။ earphone ကို
တီးလုံးသံ တိုးတိုးလေး ဖွင့်ထားပြီး ဖြည်းဖြည်းလေး
လမ်းလျောက်နေရာမှ ရုတ်တရက် ပခုံးကို
အပုတ်ခံလိုက်ရသောကြောင့် လှည့်ကြည့်လိုက်တော့ မြင်ဖူးပုံရသော ကောင်လေး ၂ ယောက်။

"အကိုတို့ကို မှတ်မိလား။
ရထားပေါ်မှာ စကားတွေ အများကြီး ပြောဖူးတယ်လေ "
သူ့နီးနီး အရပ်ရှည်သော ကောင်လေးက ပြောလာတော့ ရာမိုးဈာန်လည်း လွန်ခဲ့သော ၅ နှစ်ကျော်လောက်က မန္တလေးသို့ အသွား
ရထားပေါ်တွင် တွေ့ခဲ့သော စုံတွဲကို မှတ်မိသွားသည်။

"အော် ကိုမင်းဘုန်းခန့်နဲ့ ကိုသွင်ဟန် "

"ဟား ငါ့ညီလေးက မှတ်ဉာဏ်ကောင်းသားပဲ။
အကိုက မေ့နေမယ်တောင် ထင်တာ "

"အာ မမေ့ပါဘူးဗျာ။ "
ရာမိုးဈာန်လည်း ပြုံးရင်း ပြန်ဖြေလိုက်သည်။

" အခုက ဘယ်လဲ ဈာန် "

"ကျနော့် အလုပ်ကို သွားမလို့ဗျ ။"

"အော် မအားဘူးထင်တယ်။ sorry ဈာန်ရေ "
သွင်ဟန်က အားနာဟန်နှင့် ပြောလာတော့

"အားပါတယ်ဗျာ။ အခုလည်း အလုပ်က ပြီးပါပြီ။ "
ရာမိုးဈာန်ကလည်း ပြန်ဖြေလိုက်သည်။

"ဒါဆို တစ်ခုခုသောက်ရင်း စကားပြောကြမလား "

"အာ.. ကောင်းသားပဲ "
ထိုသို့နှင့် သူတို့လည်း နီးစပ်ရာ cafe တစ်ခုသို့
ဝင်ထိုင်လိုက်ကြသည်။

"ဈာန်က အခု ဘာလုပ်နေတာလဲ "

"ကျွန်တော်က software designer လုပ်နေတာဗျ"

"ဟုတ်လား။ အတော်ပဲ ။ ကိုကို
ကိုကို့ conpany မှာ လိုနေတဲ့ လက်ထောက်
မန်နေဂျာ ရာထူးက ရာမိုးဈာန်နဲ့ဆို
အကိုက်ပဲ "
သွင်ဟန်က မင်းဘုန်းခန့်ကို လှည့်ကြည့်ရင်း
ပြောလိုက်သည်။

"ဟုတ်တယ် အသွင်ရ ။ ရာမိုးဈာန်ရေ
ဒီလိုကွာ အကို့ အဖေက software company
ထောင်ထားတာ။ ညီလေး ကြားဖူးမလားမသိဘူး။ ' High-tech Software company' ကို"

မင်းဘုန်းခန့်က ပြောလာတော့ ရာမိုးဈာန်လည်း
မျက်လုံးပြူးသွားသည်။ နည်းပညာလောကတွင်
high-tech company က ထိပ်ဆုံး စာရင်းဝင်
ဖြစ်သည်ကိုး။

" ဒေရာသင်္ခ "Where stories live. Discover now