အပိုင်း (၂၀)

260 10 1
                                    

" ဒေရာသင်္ခ "
အပိုင်း (၂၀)

ရန်ကုန်မြို့စွန်နားက ၁ ဧက ခန့် ကျယ်သော
ခြံကြီးရှေ့သို့ Lexus ကားအဖြူလေး ထိုးရပ်လာသည်။  ခြံ တံခါးရှေ့တွင် စောင့်နေသော
အစောင့် ၂ ဦးက ကားနံပါတ်ကို ကြည့်ပြီးမှ
ခေါင်းငုံ့ အရိုအသေပေးကာ တံခါးကို
ဖွင့်ပေးလိုက်၏။

ကားလေးက တံခါးမှ တဆင့် ခြံကြီး အတွင်းသို့
ဝင်လာတော့ နန်းတော်ကဲ့သို့ ခမ်းနားလှသော
အိမ်တော်ကြီးက ကြိုဆိုနေသယောင်။
ကားပေါ်တွင် ပါလာသော ခပ်ချောချောကောင်မလေးကတော့ စံအိမ်ကြီးကို အထူးအဆန်းသဖွယ်ကြည့်နေသည်။

အိမ်ကြီးရှေ့တွင် ကားရပ်လိုက်တော့ ကားပေါ်မှ
ယောက်ျား တယောက်နှင့်အတူ ကောင်မလေး
တယောက် ဆင်းလာသည်။ ကောင်မလေးက ထိုယောက်ျား၏ အနောက်မှ ကပ်လျက် လိုက်ပါလာသည်။

ကောင်အလေးက စံအိမ်ထဲရှိ ကျွန်းသား များဖြင့် ပြုလုပ်ထားသော စားပွဲခုံများ ၊ တန်ဖိုးကြီးသော ပန်းချီကား များကို ငေးကြည့်နေမိသည်။
ထိုထဲမှ ကျောက်ပန်းချီကား တစ်ချပ်မှာမူ ပို၍ ထင်းနေသည်။ ခပ်နွမ်းနွမ်း အဝတ်အစားနှင့် အမျိုးသမီး၏ ပုံ၊ လက်တစ်ဖက်က လသားအရွယ်
ကလေးတစ်ယောက်ကို ချီ၍ နောက်တစ်ဖက်က
၆နှစ်အရွယ် သားလေးကို လက်ဆွဲထားသည်။

ထိုပန်းချီကားကို အဖိုးတန်သော ပတ္တမြား , ကျောက်စိမ်း များဖြင့် ပုံဖော်စီခြယ်ထားသောကြောင့် ပို၍ပင် အသက်ဝင်နေသည်။

"အော် ကိုနေသာ၊ သခင်လေးက အပေါ်ထပ်က
အထူးခန်းမှာ စောင့်နေပါတယ် "

စံအိမ်ကြီး၏ သန့်ရှင်းရေး ဝန်ထမ်းအစ်မက
ပြောလာတော့ မြတ်နေသာလည်း ခေါင်းငြိမ့်ပြကာ ကောင်မလေးကို ခေါ်၍ အပေါ်ထပ်သို့ တက်လာလိုက်သည်။

"ဒေါက် .. ဒေါက် ငါရောက်ပြီ ငဒေ "

"ဝင်ခဲ့လိုက် နေသာ "
ဒေရဿ၏ အသံက ခပ်ဩဩ ထွက်လာ၏။

မြတ်နေသာက တံခါးကို ဖွင့်၍ ဝင်သွားတော့
ဆိုဖာခုံကျယ်ကြီးတွင် ထိုင်ကာ ဝိုင်သောက်နေသော ဒေရဿကို တွေ့လိုက်သည်။ ဒေရဿက
အနီရင့်ရောင် ခြုံထည်ကြီးကို လွှားဝတ်ထားပြီး
ဆေးပြင်းလိပ်ကိုလည်း ခဲလျက် ရှိသည်။

" ဒေရာသင်္ခ "Où les histoires vivent. Découvrez maintenant