အပိုင်း (၁၉)

232 13 0
                                    

" ဒေရာသင်္ခ "
အပိုင်း (၁၉)

club ထဲ ရှိလူများကို ရှိသည်ဟုပင် မထင်သော
မျက်နာထားနှင့် ဒေရဿ က ဆေးလိပ်ကို ဖွာရှိုက်လိုက်သည်။ ရွှေယုသင်္ခကတော့ ဒေရဿအား
ငေးရုံမျှ ငေးကြည့်နေသည်။

ယောက်ျားပီသသော အသွင်အပြင်နှင့်အတူ
ကြောက်မက်ဖွယ်ကောင်းပုံက တွဲရက် ပါလာသူ။

"ကလေးမ , မင်း ဘာဖြစ်သွားသေးလဲ "
ဒေရဿ က လောလောလတ်လတ် လူသတ်ထားသည်မှာ သူ မဟုတ်သလိုပင်
ရွှေယုသင်္ခ၏ လည်တိုင်ကို ကြည့်ကာ
အေးအေးလူလူ ပြောလာသည်။

" ဘာမှ မဖြစ်ပါဘူးရှင် "
ရွှေယုသင်္ခက ပြာပြာသလဲ ပြန်ဖြေသည်။

"အဟက် မင်း လည်ပင်းမှာ သွေးထွက်နေတယ်ကွ "

"ရှင် ဟုတ်လား "
ရွှေယုသင်္ခလည်း အခုမှ သူမ လည်ပင်း စပ်နာနေသည်ကို ပြန်သတိရသွားပြီး
လက်နှင့် ကိုင်ကြည့်မည်အလုပ်...

"ဟေ့ ....."
ဒေရဿ က သင်္ခ ၏ လက်ကို ဖမ်းဆွဲလိုက်ပြီး

"မင်း ဒဏ်ရာက သွေးထွက်နေတာ၊
လက်နဲ့ မကိုင်ရဘူးလေ "

ဒေရဿက သင်္ခ ၏ လက်ကို ဆွဲဖယ်ကာ
သူမ အနားသို့ မျက်နာက တိုးလာသည်။
သင်္ခလည်း ရုတ်တရက်မို့ မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဒေရဿ ပြုသမျှကို ခံနေရသည်။

ဒေရဿ က သင်္ခ၏ လည်တိုင်နား ဆီသို့
တိုးကပ်ကာ သွေးထွက်နေသော ဒဏ်ရာလေးအား
နှုတ်ခမ်းနှင့် ငုံစုပ်လိုက်သည်။

"အို...." " ဟယ်တော့ ...."
club ထဲမှ လူများလည်း နောက်တကြိမ် အာမေဋိတ်သံ ထွက်ပေါ်လာသည်။ သင်္ခ၏ ရင်ခုန်နှုန်းများက မြန်ဆန်လာသည်။ တခါမှ နိုင့်ထက်စီးနင်း လုပ်ခြင်း မခံဖူးသော
မဟေသီလေး မဟုတ်ပါလား။

"အား.... မင်း သွေးစက်လေးက
ချိုလှချည်လား ...."
ဒေရဿက လည်ပင်းမှ တဆင့် သင်္ခ၏ နား, နားလေးကို ကပ်၍ ခပ်ဩဩ အသံနှင့်
ပြောလိုက်တော့ သင်္ခလည်း တကိုယ်လုံး
ကြက်သီးများ ထသွားသည်။

" ကိုယ့်ကို မကြောက်စမ်းနဲ့ ကလေးမ၊ "

ဒေရဿက မကြောက်နှင့် ဟု ပြောကာ
ရွှေယုသင်္ခ၏ ပါးပြင်ကို နှာခေါင်းနှင့်
မထိတထိ ပွတ်ဆွဲကာ နမ်းရှိုက်လိုက်သည်။
ရွှေယုသင်္ခကတော့ လက်ကို ကျစ်ကျစ်ဆုပ်၍
မျက်လုံးကိုသာ
ခပ်တင်းတင်း မှိတ်ထားလိုက်မိသည်။

" ဒေရာသင်္ခ "Tempat cerita menjadi hidup. Temukan sekarang