အပိုင်း (၁၂)

215 11 0
                                    

" ဒေရာသင်္ခ "
အပိုင်း (၁၂)

ရွှေယုသင်္ခလည်း အိပ်ယာပေါ်တွင် လှဲလိုက်ပြီး
ရာမိုးဈာန်၏ စာလေးကို တယုတယ ဖွင့်ဖတ်လိုက်သည်။

' အသင်လေး...
အသင်လေး စိတ်ထဲ ဘာဖြစ်နေလဲ ဆိုတာ
ကိုယ် သိပါတယ်။ အသင်လေးက အခုမှ
၁၇ နှစ်ပဲ ရှိသေးတာ။ ငယ်သေးတယ်။
ပြီးတော့ ဒီအရွယ်တွေဆိုတာက
စိတ်ကစားတဲ့အရွယ်လေ အသင်လေးရ '

ရွှေယု သင်္ခက စာကို ဖတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ငါ့ကို စိတ်ကစားတဲ့ အရွယ်တဲ့ ။ သူကျ ငါ့ထက် ၃ နှစ်တည်း ကြီးတာကိုး။
ရွှေယုသင်္ခလည်း ခနဲ့တဲ့တဲ့လေး တွေးပြီး စာဆက်ဖတ်လိုက်သည်။

'အချစ်ဆိုတာ တကယ်တော့ နာမ်စား တစ်ခုပဲ
အသင်လေး။ အချစ်ရဲ့ အဓိပ္ပါယ်ကို ဘယ် ပညာရှင်မှ တိတိကျကျ မပြောနိုင်ကြဘူး။
အချစ်ဆိုတာ လောဘ , မောဟ , ဒေါသ နဲ့
အတ္တ တွေ စုဝေးနေတဲ့ အရာ တစ်ခု ထက်မပိုဘူး။
ကိုယ်က အသင်လေးကို အတ္တ တွေ မပါတဲ့
ကိလေသာ တွေမပါတဲ့ မေတ္တာ ဆိုတဲ့ အေးချမ်းတဲ့ အရာလေးပဲ ပေးချင်တာ။ '

စာအဆုံးရောက်တော့ ရွှေယုသင်္ခလည်း နောက်စာမျက်နာကို လှန်ကြည့်လိုက်သည်။

"အသင်လေး ပြုံးတဲ့အခါ ကိုယ်လည်း
လိုက်ပြုံးမယ်။ အသင်လေး ဝမ်းနည်းတဲ့အခါ
ကိုယ် နှစ်သိမ့်ပေးမယ်။ အသင်လေး ပြိုလဲတဲ့အခါ ကိုယ် ထွေးပွေ့ထားမယ်။ အသင်လေး လိုအပ်တဲ့ အခါတိုင်း အသင့်ရဲ့ အရင်းနီးဆုံး
လူတစ်ယောက်အနေနဲ့ ကိုယ် ရှိနေပေးမယ်။
အသင်လေးကို မချုပ်နှောင်ထားချင်ဘူး။
မေတ္တာတွေနဲ့ပဲ နွေးထွေးစေပြီး အလင်းဆီကို
လမ်းညွန်ပေးချင်တာပါ။ "

ရာမိုးဈာန်၏ စာ ဆုံးတော့ ရွှေယုသင်္ခလည်း
မျက်ရည်များ ဝဲလာသည်။ ဝမ်းနည်းရမလား။
ပျော်ရမလား မသဲကွဲချေ။ ကိုကိုက သူမကို
ချစ်သည်။ သို့သော် သူမ ချစ်စေချင်သလိုမဟုတ်။ ဟူး....
ရွှေယုသင်္ခလည်း ရာမိုးဈာန်ပေးထားသော
ပင်ဂွင်းရုပ်လေးကိုသာ ဖက်၍ လှဲအိပ်လိုက်တော့သည်။
*****************************************

လူငယ်တစ်ယောက် ညမှောင်မှောင် လမ်းမဘေး ပလက်ဖောင်ပေါ်၌ ထိုင်၍ ဆေးလိပ်သောက်နေသည်။ အားကစားဘောင်းဘီအရှည်ဝတ်ဆင်ထားသော ထိုလူငယ်က ဆေးလိပ်ကုန်သွားတော့
လမ်းမပေါ် ဆေးလိပ်ကို ပစ်ချလိုက်ပြီး
ဖိနပ်နှင့် နင်းခြေလိုက်သည်။

" ဒေရာသင်္ခ "Where stories live. Discover now