အပိုင်း (၁၆)

227 19 2
                                    

"ဒေရာသင်္ခ"
အပိုင်း (၁၆)

ပုဂ္ဂလိက ဆေးရုံကြီး တစ်ခု၏ သီးသန့်ခန်းထဲတွင် ရှိသော ဆေးရုံကုတင်ပေါ်တွင် ခပ်ချောချော ကောင်လေးတစ်ယောက် လဲလျောင်းနေသည်။
ခပ်လှမ်းလှမ်းက ခုံပေါ်တွင်တော့ ဆံပင်ကပိုကရို
ဖြစ်နေသော လူငယ်တစ်ယောက်က ဆေးလိပ်ကို
ဖွာရှိုက်နေရင်း လူနာကို စောင့်နေသည်။

"ဆရာ, ဆရာဝန်ကြီး ရောက်ပါပြီ "
တပည့်တစ်ဦး က တံခါးဖွင့်၍ ပြောလာတော့
ဒေရဿလည်း ဆေးလိပ်မီးကို သတ်လိုက်ပြီး
ထရပ်လိုက်သည်။ အခန်းထဲသို့
ဆရာဝန်ကြီးနှင့် သူနာပြု ၂ ဦး ရောက်ရှိလာပြီး
လူနာ အခြေအနေကို ကြည့်နေသည်။

"လူနာ အခြေအနေ ဘယ်လိုလဲ ဆရာ "
ဒေရဿက မေးလိုက်တော့

"လူနာက ဒီ ၂,၃ ရက်ဆို ဆေးရုံဆင်းလို့ ရပါပြီ "

"ဟုတ် ကျေးဇူးပါ ဆရာ "
ဆရာဝန်ကြီးများ ထွက်သွားတော့ ဒေရဿလည်း
မျက်မှောင်ကြုတ်ကာ တစ်ခုခုကို စဉ်းစားနေသည်။

"ဒေ ဒေရဿ"
မြတ်နေသာ၏ အသံက တိုးလျစွာ ပေါ်ထွက်လာသည်။

"ဟင် နေ နေသာ ၊ မင်း နိုးလာပြီလား "
ဒေရဿ အံ့ဩတကြီး မြတ်နေသာဆီသို့
သွားလိုက်သည်။

"မထနဲ့ နေသာ။ မင်း ဒဏ်ရာကြီးနဲ့ "
ထရန် ဟန်ပြင်နေသော မြတ်နေသာကို
ဒေရဿက ပြောလိုက်သည်။

"မင်း မင်းရော ဘာဖြစ်သွားသေးလဲ ဒေရဿ "
သေနတ်ဒဏ်ရာကြောင့် ၃ ရက်ခန့် မေ့မြောနေရာမှ နိုး နိုးလာခြင်း မေးလိုက်သည့် စကားက
ဒေရဿ ဘာဖြစ်သွားသလဲ ဟူ၍။

"နေသာရာ။ ငါက ဘာမှ မဖြစ်ပါဘူးကွ။
ငါ့ကို ဘာလို့ စိတ်ပူနေတာလဲ ဟမ် "
ဒေရဿက စို့နင့်စွာ မေးလာတော့

"ငါ ငါက သေလည်း ဘာမှ မဖြစ်ဘူးလေ။
မင်းအတွက်ဆို ၁၀ ခါပြန် သေရဲတယ် "

"ဟေ့ကောင်။ လျောက်မပြောနဲ့။
မင်းက ငါ့အချစ်ဆုံး သူငယ်ချင်း။
မင်း သေစရာ ဘာအကြောင်းမှ မရှိဘူး ။"

' အချစ်ဆုံး သူငယ်ချင်းတဲ့လား ဒေရဿ။
သူငယ်ချင်းတစ်ယောက်လို မင်း ချစ်ပေးရင်တောင် ငါက ကမ္ဘာပျက်မတတ် ရူးမယ့်ကောင်ပါ '
မြတ်နေသာ နှစ်လိုဖွယ် ပြုံးလိုက်မိသည်။

" ဒေရာသင်္ခ "Tempat cerita menjadi hidup. Temukan sekarang