p-1

12.2K 265 9
                                    

သူရိန်နေမင်း၏ ရောင်ခြည်အလင်းကြောင့် မနက်တဖန်ရောက်ရပြန်သည်။မနက်ခင်းရဲ့ကျေးငှက်တို့လဲ တွန်ကြူးနေပြီ အိပ်ယာဘေးက နှိုးစက်လေးရဲ့ ဆူဆူညံညံ အသံကို နော်ထူးလယ်ဖောတစ်ယောက်ကြားလိုက်ရသည်။

"ကလင် ကလင်"

"ဟူးးး ကျောင်းသွားရဉီးမယ်မိထူးရေ အပျင်းထူနေလို့မရဘူး"

နော်ထူးလယ်ဖောသည် ရေချိုးခန်းအတွင်းသို့ဝင်ကာ ဘေစင်ရှေ့ရှိ မှန်၌ပေါ်နေသော ကိုယ့်ပုံရိပ်ကိုပြန်ကြည့်ကာ သဘောကျသယောင်ပြုံးလိုက်သည်။ကရင်လးမျိုးမလို့ဖြူဝင်းသောအသားအရေနှင့် မျက်ခုံးစင်းစင်းလေးရှိသည်မှာသဘောကျစရာအချက်တစ်ခု။အနည်းငယ်ဖောင်းနေသောပါးပေါ်သို့ရေစက်လေးတွေဟာတရှိန်ထိုးကျရောက်နေသည်။အတန်ကြာမှတွဲလွဲခေါ်နေသော ရေစက်တို့အား သဘက်ဖြင့်ဖယ်ရှားလိုက်သော ထိပ်လေးများနီရဲလျက်ရှိသောလက်ချောင်းလေးတို့ဖြစ်သည်။တစ်ဆက်တည်းအိမ်ရှေ့ဧည့်ခန်း မှလည်း အသံသဲ့သဲ့ကြားနေရ၏။

"အန်တီနော်ထူးရှိလား"

"ရှိတယ်သမီးတို့ရေ အန်တီခေါ်ပေးမယ်"

"နော်ထူးရေ ရှင့်သူငယ်ချင်းတွေရောက်နေပြီ ထွက်ခဲ့တော့လေ တော့လေ"

"ဟုတ်အမေလာပြီ"

နော်ထူးတစ်ယောက် သူမရဲ့လွယ်အိတ်လေးအား တစ်ဖက်တည်းလွယ်ကာ ကပြာကယာ ပြေးထွက်ခဲ့တော့ နော်ထူးအမေမှ မနက်စာစားရန်လှမ်သတိပေးသည်။

"အမေသွားပြီနော်"

"ဟဲ့မနက်စာမစားတော့ဘူးလား"

"မစားတော့ဘူးမေကြီးရေ" ဟုပြောကာ အော်ပြောလျက်ပင် သူငယ်ချင်းတွေလက်ဆွဲကာ ကျောင်းသို့မြန်မြန်သွားရန်မျကိရိပ်ပြလိုက်သည်နှင့် အလိုက်သိသောထိုနှစ်ယောက်မှ ခပ်သွက်သွက်လိုက်လာကြတော့သည်။

"အော် ဒီကလေးနှယ့်"

......

"နင်တို့ကလဲအစောကြီး ရှိသေးတာကို"

"မစောလို့မရဘူးလေ ဒီနေ့ကမယ်မင်းကြီးမ မိကြယ်စင်ရဲ့အသင်းနေ့လေ"

"ကြယ်စင်နင်တို့က ခုမှအသင်းခွဲတာလား"

"အေးလေ တနင်္လာ နေ့က ဆရာမတွေမအားဘူးလေ ကျောင်းအပ်တဲ့ကိစ္စတွေနဲ့စာမသင်ဘူး အင်္ဂါနေ့မှ ကျ ဆရာမက အသင်းတွေခွဲပေးတာ ဒီနေ့ကျတော့ ငါ့အသင်းပေါ့ ဘုရင့်နောင်လေ"

မြတ်နိုးရသူWhere stories live. Discover now