ကြယ်စင်လဲ နော်ထူးတို့ကိုရှောင်ပေးလိုက်သည်။
နှင်းကိုသွားခေါ်ဖို့ကြံတော့သူကမအားပေ ဒါကြောင့်အခန်းထဲသာပြန်လာလိုက်သည်။ကြယ်စင်ကတော့ နော်ထူးတို့ကိုရှောင်ပေးသည်ကိုနော်ထူးသိပါသည်။သို့ပေမယ့်ကျေးဇူးမတင်နိုင်သေးပါ ရင်ထဲက စိုးရိမ်မှုက တရိပ်ရိပ်ထိုးတက်နေသည်။ကိုယ်ပိုင်ဆိုင်နေပြီးအရာတစ်ခုကိုဆုံးရှူံးရမှာကြောက်နေပြန်သည်။
"ကလေး"
"ရှင်ဆရာမ"
"မငိုနဲ့တိတ်တော့နော်"
"ဟုတ်ကဲ့"
နော်ထူးအငိုတိတ်မှ ဆရာမပြန်ထွက်သွားကာဂရုစိုက်ဖို့အတန်တန်မှာနေသေးသည်။စာသင်ချိန်တွေသာတစ်ချိန်ပြီးတစ်ချိန်ပြောင်းသွားသည်။နော်ထူးကတော့ ပြတင်းပေါက်သာငေးနေဆဲ ညနေကျောင်းဆင်းတော့မည်..ပုံမှန်ဆို သူငယ်ချင်းသူံးယောက်တူတူပြန်ပေမယ့်..ဒီနေ့တော့ နော်ထူးတစ်ယောက်ထဲသာ ပြန်ပေသည်။အိမ်ရောက်တော့ 3:15 မိနစ်ဖြစ်ချေပြီ။အမေ့ကိုလဲပြန်ရောက်ပြီလို့သာတစ်ခွန်းထဲပြောရင်းအခန်းထဲဝင်လာမိသည်။ထို့နောက် ရေချိုးကာ အိမ်နေရင်းပေါ့ပေါ့ပါးပါးအင်္ကျီတစ်ထည်ဝတ်ကာ ကျူရှင်သွားရန် ပြင်လိုက်သည်။နော်ထူးလဲပြင်ဆင်ပြီးတော့ 3:45ဖြစ်လို့နေပြီ အိမ်ရှေ့မှာလဲ နှင်းကလာခေါ်တာကြောင့် ကြယ်စင့်ဆီသွားဖို့သာကျန်တော့သည်။
"နော်ထူးရေ"
"အေးနှင်း ငါလာပြီ"
"သွားမယ်"
"အင်း"
နော်ထူးတို့ ကြယ်စင့်အိမ်ထွက်လာတော့ သူ့အိမ်ရှေ့လေးမှာ ရပ်စောင့်နေသည့်ကြယ်စင်..အင်္ကျီအနက်ရောင် လက်ရှည်လေးကိုမှ ခေါင်းစွပ်ကလေးပါကာ ဂျင်းဘောင်းဘီပွပွကိုဝတ်ဆင်ထားသည်။လွယ်အိတ်ခပ်သေးသေးကိုလွယ်ကာ နော်ထူးတို့အလာကိုစောင့်နေသည့်ပုံပင် လက်ပေါ်မှ VS နာရီလေးအားတစ်ကြည့်ကြည်ဖြင့်သာ။ နော်ထူးတို့သူံးယောက်လုံးမှာ VS နာရီဆင်တူလေးတွေသာဝတ်သည်။
"ကြယ်စင်"
"အာ..နော်ထူးနဲ့ နှင်းသွားကြမယ်လေ"

YOU ARE READING
မြတ်နိုးရသူ
Fantasyမပိုင်ဆိုင်ချင်ပါဘူး ငေးကြည့်ရရုံနဲ့ကျေနပ်ပါတယ် ဆရာမရယ်...နှင်းဆီနီနီကိုသိပ်သဘောကျတဲ့ဆရာမ နော်ထူးကတော့...ဆရာမကိုပဲသဘောကျမိပါရဲ့..။ ဇာတ်ကောင်နမည်က နမည်အရင်းတွေထည့်သုံးထား တာမို့ ဆရာမတွေကိုထိခိုက်လိုစိတ်မရှိပါဘူး.... စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ပါနော်...