P-32

1.8K 95 20
                                    

မနက်ခင်းရဲ့အလှဟာ မျက်စိအေးစေတယ်ဆိုတာ အမှန်ပင်။မိန်းမတစ်ယောက်ရဲ့အလှက အိပ်ယာထချိန်ချိန်လို့လူကြီးတွေပြောတာ နော်ထူးကြားဖူးပါရဲ့..။
အခုတော့ နော်ထူးမြင်ပါမြင်နေရပြီ။
အိပ်နေတဲ့ဆရာမက တကယ်ကလေးသဖွယ် ချစ်ဖို့ကောင်းနေမှုကတော့ ဘုရားလေးတဲ့ဆုလာဘ်ပင်ဖြစ်မည်။
ဆရာမရဲ့နဖူးထက်သို့ အနမ်းခပ်ဖွဖွခြွေလိုက်သည်။တဆက်တည်း စောင်ကိုပုခုံးထိခြုံပေးရင် မျက်နှာသစ်ရန် အိမ်နောက်သို့သွားရသည်။
တောရွာငယ်လေးမို့ထင်သည် သစ်ရိပ်ဝါးရိပ်ပေါများလှသည်။အခုလည်း အကြောင်းမဲ့ ဝါးပင်ခပ်စိမ်းစိမ်းလေးတွေကို ငေးကြည့်နေမိပြန်သည်။...

ဆောင်းတွင်းမို့ သစ်ရွက်လေးမှာကပ်ငြိနေတဲ့ ရေငွေ့လေးတွေက ခပ်စိုစို
လေပြေတစ်ချင်ဝှေ့သည့်အခိုက်မှာ နော်ထူးခန္ဓာကိုယ်လေးတုန်ရီကာ အသိပြန်ဝင်လာသည်။

မျက်နှာမြန်မြန်သစ်ကာ ဆရာမဖို့မနက်စာလေးပြင်ပေးဖြစ်သည်။
ဒီနေ့တော့ စိတ်ထဲတစ်မျိုးပင်..တစ်ခုခုကိုကြောက်သလိုမျိုး..စိတ်ပျက်စရာထိုင်းမှိုင်းနေပြန်သည်။..

"ဆရာမ ..ထတော့လေ"

"ဟင့်အင်း..ငါးမိနစ်"

အိပ်ချင်မူးတူးနဲ့ နှုတ်ခမ်းလေးကအနည်းငယ်ဆူကာတောင်းဆိုနေသောဆရာမက အသက်သုံးဆယ်ကျော်အထက်တန်းပြ ဒေါ်နီနီအောင်မှဟုတ်ပါရဲ့လားအောက်မေ့ရသည်။

"ငါးမိနစ်မနေနဲ့
ထတော့ဆို မနက်စာစားမယ်လာထ"

"မစားတော့ဘူး..အိပ်ချင်သေးတယ်"

"အဲ့လိုနော်.."

"အင်းးး"

နော်ထူးပြောသည်ကိုအရေးမလုပ် စောင်ထဲ ပြန်ကွေးနေသည့် သူမကို နော်ထူကောက်ပွေ့လိုက်သည်။
အထူးတဲ့လေ..လာစမ်းလို့ရမလား..

"ဟာ..ငယ်..ပြုတ်ကျမယ်"

"မကျပါဘူးနော်..နိုင်ပါတယ်"

ပြောရင်းနဲ့ပင် ဆရာမပါးကို နမ်းလိုက်သည်။

"ဟာ...ကြည့်မျက်နှာမသစ်ရသေးဘူးကို"

"မသစ်ရသေးလည်း ချစ်တယ်..သစ်​ပြီးလဲချစ်တယ်
ဘာလုပ်လုပ်ချစ်တယ်"

မြတ်နိုးရသူWhere stories live. Discover now