ကြယ်စင်ကူညီတာထိရောက်တယ်ပြောရမည်..ကောင်းဘုန်းမြတ်နိုင်က ထွဋ်အာကာအားသဝန်တိုနေသည်မှာ သိသာလွန်းလေသည်။ကြယ်စင်တို့လဲ မြို့ထဲကိုလျှောက်ပတ်ကာ ပြန်လာခဲ့ကြသည်။ထွဋ်အာကာတော့ ကြယ်စင့်အား ကျေးဇူးနေတော့သည်။ကြယ်စင်လဲ အိမ်ရောက်တော့ ငါးနာရီခွဲချေပြီ..အိမ်၌ဘယ်သူမှမရှိ အိမ်တံခါးလဲသော့ခက်ထားပေသည် ဖုန်းကိုဖွင့်ကြည့်တော့ ဆရာမဆီမှဖုန်းကောပေါင်းများစွာဝင်ထားပေသည်။
အိမ်ကလဲ ခေါ်ထားတာတွေ့ရသည်။ကြယ်စင်လဲ ဆရာမအားဖုန်းပြန်ခေါ်လိုက်သည်။အိမ်ထက် ဆရာမကိုပိုဉီးစားပေးမိပြန်သည်။"ဟယ်လို ဆရာမ"
"ကြယ်စင် ဘယ်တွေသွားနေတာလဲ
မင်းကိုဖုန်းခေါ်ထားတာမင်းမတွေ့ဘူးလား""တွေ့ပါတယ်ဆရာမရယ် သမီးအပြင်သွားနေလို့ပါ"
"အေးတွေ့ရင် အခုတို့အိမ်လာခဲ့"
"ဘာလို့လဲဆရာမ"
"မင်းအဖွားက သူ့ဇာတိခနပြန်ရတယ် အရေးကြီးလို့တဲ့ ချက်ချင်းကြီးပြန်သွားရတာ..မင်းကိုတို့အိမ်မှာအပ်ခဲ့တာ"
"ရှင်"
"ရှင်မနေနဲ့ မြန်မြန်လာ တို့စောင့်နေတယ်"
"ဟုတ်"
ကြယ်စင်လဲ ဆရာမအိမ်သို့ပြေးရပေသည်။ငါးနာရီ ခွဲကျော်နေပေမယ့် သိပ်မမှောင်သေး...ဆရာမအိမ်က ကြယ်စင်တို့လမ်းရဲ့တစ်လမ်းကျော်ဖြစ်ပေသည်။အတန်ကြာသော် ဆရာမအိမ်သို့ရောက်ချေပြီ။ကြယ်စင်ဝင်သွားတော့ဆရာမက လက်ပိုက်ကာစောင့်နေတယ်။
"ဆရာမ"
"လာဒီကို"
"ဟူတ်"
"ခုချိန်ထိဘယ်တွေသွားနေတာတုန်းပြော"
"ဟိုလေ..ထွဋ်အာကာတို့နဲ့ လျှောက်လည်နေတာပါ"
"ဒီချိန်ထိလည်ရလား ခုကြည့်ခြောက်နာရီထိုးတော့မယ်
မင်းကမိန်းကလေးနော်ကြယ်စင် တို့ဘယ်လောက်စိတ်ပူရလဲမင်းသိလား"ဆရာမဆူတော့ ခေါင်းကိုသာအတွင်တွင်ငုံ့ထားမိသည်။ထို့အပြင် မျက်ရည်များထိန်းမနိုင်တော့။ဆရာမနှင့်ပတ်သက်လျှင် ကြယ်စင်မှာခံစားလွယ် ပေသည်။ဒါကိုဆရာမမြင်တော့ချက်ချင်းအသံလေး အေးသွားသည်..။

YOU ARE READING
မြတ်နိုးရသူ
Fantasyမပိုင်ဆိုင်ချင်ပါဘူး ငေးကြည့်ရရုံနဲ့ကျေနပ်ပါတယ် ဆရာမရယ်...နှင်းဆီနီနီကိုသိပ်သဘောကျတဲ့ဆရာမ နော်ထူးကတော့...ဆရာမကိုပဲသဘောကျမိပါရဲ့..။ ဇာတ်ကောင်နမည်က နမည်အရင်းတွေထည့်သုံးထား တာမို့ ဆရာမတွေကိုထိခိုက်လိုစိတ်မရှိပါဘူး.... စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ပါနော်...