p-33

1.8K 108 17
                                    

ကြယ်စင့်နဲ့နှင်းရဲ့အကူအညီကြောင့် ဆရာမအားဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့သည်။
သတိလစ်နေသော ဆရာမကိုကြည့်ရင်းနော်ထူးရင်ကျိူးရပါသည်။နော်ထူးတို့ဆေးရုံရောက်တော့ ဆရာဝန်တွေကတစ်ခါထဲ ဆရာမကို ခေါ်​ဆောင်ပြီးအရေးပေါ်အခန်းထဲမှာ အသက်လုနေရတော့သည်။

အချိန်တွေကြာလှပြီ...ခွဲခန်းထဲက ဘာမှမထူးသေး
နော်ထူးစိတ်တွေလည်းရှုပ်ထွေးလို့နေချေပြီ..။

"စိတ်လျော့ပါနော်ထူးရယ်..ဆရာမအဆင်ပြေမှာပါဟ"

ခွဲခန်းရှေ့က ခုံတန်းမှာကတုံကရင်ဖြင့်ငိုနေသော နော်ထူးအားနှင်းမှစိတ်သက်သာအောင်ချော့နေပေသည်။

"နှင်းရယ်..တကယ်ဆိုငါဖြစ်ရမှာဟ..ဆရာမက ဆရာမကငါ့ကိုကာကွယ်ပေးလိုက်လို့ဒီလိုဖြစ်ရတာ ငါကြောင့်ပါ..ငါ့ကြောင့်..ဟင့်"

ပါးစပ်ကလဲပြော လက်ကလဲ မိမိခေါင်းကိုဆက်တိုက်ထုနေသောနော်ထူးမှာ..အရူးမီးဝိုင်းသလိုပင်..
စိတ်တွေက ကစဉ့်ကလျားနဲ့ ရင်ထဲမွန်းကြပ်လွန်းသည်။
အကယ်၍သာ ဆရာမတစ်ခုခုသာဖြစ်သွားရင်
ကိုယ့်ကိုကိုယ်အပစ်တင်လို့ဆုံးတော့မှာမဟုတ်ပေ..။
ဉီးကိုကိုမျိုးကိုလည်းထောင်ထဲထိလိုက်သတ်မိမယ်ထင်သည်။

"စိတ်လျော့ပါဟာ... တကယ်ဆိုနင်ကြောင့်ဆိုတာထက်...ဟိုလူကြီးကြောင့်ဆိုပိုမှန်လိမ့်မယ်..
သူသာသေနတ်နဲ့မပစ်ခဲ့ရင်..ဒီလိုဖြစ်စရာအကြောင်းမသိဘူး"

"အေး.. နင်ပြောတာမှန်တယ်..အဲ့လူကြောင့်
အဲ့လူကြောင့်ဖြစ်ရတာ.."

ချက်ချင်းငိုနေရာကနေ မျက်ရည်များကိုအကြမ်းပတမ်းသုတ်ကာ..မျက်ထောင့်များနီရဲလာသောနော်ထူးက လူသတ်မယ့်အတိုင်းပင်..
သူမယခုလိုဒေါသထွက်တာ နှင်းတစ်ခါမှမမြင်ဖူးပေ
ထို့နောက်ရုတ်တရက် ထ ထွက်သွားသောနော်ထူးကြောင့် နှင်းပြေးလိုက်ပေမယ့်မမှီတော့..ဆရာမနီကိုလည်း စောင့်ပေးရဉီးမှာမလို့
ဆေးရုံအောက်မှာ..စျေးဝယ်သွားတဲ့ ဆရာမသဇင်ကိုသာ ဖုန်းဆက်ရလေသည်။

နော်ထူးကတော့..ရဲစခန်းအားဆိုင်ကယ်ဖြင့်..မြန်နိုင်သမျှ မြန်မြန်မောင်းထွက်သွားသည်။နှင်းဖုန်းဆက်လို့
သဇင်လိုက်ရှာပေမယ့်..ဆိုင်ကယ်မောင်းထွက်သွားတာပဲတွေ့လိုက်ရသည်။

မြတ်နိုးရသူWhere stories live. Discover now