p-15

1.6K 102 6
                                    

တစ်ရက်နှစ်ရက်လောက်နားလိုက်သောကြောင့် နော်ထူး နေပြန်ကောင်းလာသည်။နဂိုထဲက ခြူခြာတဲ့သူမလို့ ဂရုစိုက်ရပေသည်။ဒီနေ့တော့ နေကောင်းတာမလို့ ကျောင်းသွားရန် ပြင်ဆင်လိုက်သည်။ခနနေတော့ နှင်းနဲ့ ကြယ်စင် နော်ထူးအိမ်ရှေ့ရောက်လာသည်။ပုံမှန်ဆို ကြယ်စင်ကို သွားခေါ်ရပေမယ့် နော်ထူးက ခုမှနေကောင်းခါစမလို့ ကြယ်စင်က စိတ်မချဟုဆိုကာ လာခေါ်ချင်းပင်..နော်ထူးလဲ ပြင်ဆင်ကာ သုံးယောက်သား ကျောင်းသို့ချီတက်ကြသည်။ကျောင်းကိုရောက်တော့ နော်ထူးရဲ့ဆရာမကိုတွေ့လိုက်ရသည်။နော်ထူးသတိလစ်တုန်းကပဲလာပြီး ကျန်တဲ့ရက်တွေပေါ်မလာတော့..ဖုန်းဆက်လဲမကိုင်..လိုင်းပေါ်ကလဲစာမပြန်ပေ..ဒါကြောင့် ကျောင်းကိုလာတာဖြစ်သည်။
နော်ထူးရဲ့ဆရာမကိုတွေ့ပေမယ့် ဆရာမကတော့ နော်ထူးကိုလှည့်မကြည့်ပါ ဂရုတောင်မစိုက်ဟန်ဖြင့်
ဆရာမဘာဖြစ်နေလဲနော်ထူးမတွေးတတ်..ကြယ်စင်တို့လဲ မျက်နှာပျက်နေကြသည်။

"ဆရာမ"

" ပြောလေ ဘာကိစ္စတုန်း"
လေစိမ်းတို့တိုက်သည့်အတိုင်း လေသံခပ်မာမာဖြင့်ဆီးကြိုနေသော ဆရာမ ကြယ်စင်တို့က သူတို့အခန်းပြန်ပြီမလို့မသိပေမယ့် သူတို့သိရင် အံ့သြလောက်မယ့်လေသံမျိုးဖြင့်ပြောနေချေသည်။
ဆရာမ၏လက်အား ဆရာမသဇင်မှလှမ်းကိုင်လိုက်သည်ကို နော်ထူးတွေ့လိုက်သည်။

"ဒီရက်ပိုင်းဆရာမကိုမတွေ့လို့ပါ"

"အချိန်ပြည့်မင်းအနားမှာရှိနေရအောင် တို့က အားယားနေတာမဟုတ်လူး နော်ထူးလယ်ဖော"

နော်ထူးလယ်ဖောတဲ့ လား ထူးထူးဆိုတဲ့နာမ်စားလေးသိမ်ငယ်နေရှာပြီ ဆရာမဘာဖြစ်နေလဲနော်ထူးမသိ
ဒါပေမယ့် သူစိမ်းတစ်ယောက်လိုဆက်ဆံနေသောဆရာမကြောင့် နော်ထူးကြောက်နေမိသည်။

"ဆရာမရယ်"

"ကဲ ကိစ္စမရှိရင် ဖယ် အလုပ်ရှုပ်တယ်"
လေသံခပ်မာမာဖြင့်ပြောကာ နော်ထူးပုခုံးကိုတိုက်ကာထွက်သွားသည့်ဆရာမ..နော်ထူးရဲ့ အနောက်မှာဆရာမကိုပေးဖို့ဖွက်လာတဲ့ နှင်းဆီနီနီလေးတောင် ဆရာမဒေါသကြောင့်ထင်ရဲ့ ညှိုးနွမ်းလေတော့မည်။
ဆရာမ ၏ရုတ်တရက် တစိမ်းဆန်မှုကြောင့် နော်ထူးနှလုံးကို ဆူးချွန်နဲ့ထိုးသလိုနာကျင်ရသည်။
ဆရာမနဲ့မတွေ့ရတဲ့ တစ်ရက်နှစ်ရက်အတွင်းတခြားတစ်ယောက်သို့ပြောင်းလဲသွားတဲ့ဆရာမကြောင့် နော်ထူး မျက်ရည်မြေခ ရပြန်သည်။
ကလေးရယ် တို့ရက်စက်ပဲမကြည့်ပါနဲ့ မင်းကိုတိုက်ပြီးထွက်လာတုန်းက တို့မျက်ရည်ပါ လွင့်စင်ခဲ့တာမင်းသိရဲ့လား..နီနီနားနေခန်းသို့ဝင်အာ ငိုချမိသည်။အကြောင်းသိသည့် သဇင်က ကျောကိုပွတ်ကာနှစ်သိမ့်ပေးလေသည်။

မြတ်နိုးရသူWhere stories live. Discover now