p-3

2.7K 144 0
                                    

ရက်တွေဟာ ပုံမှန်လည်ပတ်နေသည်။နော်ထူးတို့လဲ ပုံမှန်ပင် ပုံမှန်မဟုတ်တာက ဆရာမတွေနဲ့ ပိုပြီးရင်းနှီးလာတယ်ပြောရမယ်...။

"နော်ထူးရေ"

"အေးနှင်းလာလေ"

"ရော့"

"ဟယ်နှင်းဆီပန်းတွေ နှစ်ပွင့်တောင်"

"တစ်ပွင့်ကိုကြယ်စင့်ကိုပေးလိုက်လေ"

"အေးပေးမယ်လေ ဒါနဲ့နေပါဉီး ဘယ်ကရလာတာလဲ"

"ခြံထဲမှာပွင့်နေတာ ငါ့အဖေရဲ့အပင်တွေ ငါခိုးပြီးခူးလာတာ"

"နင်တော့လေ အေးပါ ငါပေးလိုက်မယ်"

"အေးအေး ငါအခန်းထဲပြန်ဝင်တော့မယ်"

"ပြီးတာပဲ ဒါနဲ့နင့်လက်ထဲကပန်းကနင်ပန်လို့လား"

"မဟူတ်ဘူးပေးမလို့"

"ကမနော် ငါသိနေတယ်"

"သိပြီးတာပဲဟေ့သွားပြီ"

"အွန်း"

ခနေနေတာ့ ကြယ်စင်တစ်ယောက်ပေါ်လာသည်။နော်ထူးလဲပန်းပေးရဉီးမှာနဲ့အတော်ပဲ ဖြစ်သွားကာ ကြယ်စင့်အနားသို့သွားလိုက်သည်

"ဟဲ့ ကြယ်စင်"

"အေး နော်ထူး မိနှင်းရော နင်တစ်ယောက်ထဲလား"

"ဟုတ်တယ် ရော့ မိနှင်းက ပေးတာ ငါတို့ကို"

"အေးကျေးဇူးပဲဟာ လှတယ်ဟ ပန်းက
ဆရာမကိုပေးမယ်"

"နင်ဆိုသည်မှာလဲ တခါလာလဲဆရာမတခါလာလဲဆရာမနဲ့ "

"နင်ရော အဲ့ပန်းနင့်ဆရာမကိုမပေးပဲနေမှာမလို့လား"

"ဟီး ငါလဲပေးမှာ"

"သိသားပဲရုပ်ကိုက ကလေးမသာရုပ်နဲ့"

"ကမ မဖဲ့နဲ့နော်"

"မဖဲ့ဘူး လစ်ပြီ"

"အေးလစ်တော့"

နော်ထူးလဲကြယ်စင်ထွက်သွားတော့ ဆရာမဒေါ်နီနီအောင်ဈေးရောင်းနေတဲ့ဘက်ကိုထွက်ခဲ့လိုက်သည်။
ကလေးလေးတွေကို ပြုံးပြီး စကားတွေပြောနေတဲ့ဆရာမဟာ တကယ်ချစ်စရာအတိပါ။ပြုံးလိုက်တိုင်းမို့တက်သွားတဲ့ပါးမို့မို့ကိုတစ်ခါလောက်နမ်းရှိုက်ချင်မိတာနော်ထူးကိုယ်တိုင်ပင်သိသည်။

မြတ်နိုးရသူWhere stories live. Discover now