p-30

2K 115 17
                                    

နော်ထူးအိမ်ကိုပြန်ရောက်တော့ အချိန်က 12 ကျော်ကျော်လောက်ပေါ့ ဒီချိန်ဆို ကလေးတွေစာသင်ပြီးသွားလောက်ပြီလေ..။ဆရာမက ဆယ်ရက်ပဲနေရတာမလို့ စာမေးပွဲရက်နီးလေးတွေခနခေါ်သင်တာရယ်..။နော်ထူးခြံဝရောက်တော့...သူမနှင်းတီပင်လေးကို
သေချာဂရုစိုက်နေလေရဲ့ကွယ်..။နက်ပြာရောင်ထမိန်လေးကိုမှ V ရှိတ်လေးနှင့် အင်္ကျီကလဲ ထိုအတိုင်း ဝမ်းဆက်ပင်..။အသားအရည် ဝင်းဝင်းဝါဝါပေါ်မှာ ထိုအင်္ကျီနဲ့ထမိန်လေးက ပနံ့သင့်လိုက်ဖက်လှသည်။

အို..။ပိုပြောတယ်ထင်ရင်လဲထင်ပါစေ။ဆရာမက အကုန်လုံးနဲ့လိုက်ဖက်သည်။အဓိက နော်ထူးနဲ့ပိုလိုက်ဖက်သည်...

"ဆရာမ..ဆရာမလို့"

"...."

"ဆရာမရေ"

"...."

တစ်ခါခေါ်လဲမထူး နှစ်ခါခေါ်လဲမထူးတာမို့ ဒါ​ဟာစိတ်ကောက်နေတာမှန်းနော်ထူးသိလိုက်ချေပြီလေ..။
မနက်က နော်ထူးစကားလွန်သွားတာကို အခုမှထပြီးစိတ်ကောက်ပုံရသည်။ဒီအမျိုးသမီး တတ်လည်းတတ်နိုင် လွန်းပါဘိ။

ထိုအမျိုးသမီးကလေ စိတ်ကောက်နေလဲ သိပ်ချစ်ဖို့ကောင်းတာရှင့်..။ရှင်တို့မမြင်ဖူးသေးလို့ပါ..ကျမမှာ သူတစ်ခါပြုံးတိုင်းအရည်ပျော်ရချည်ရဲ့လေ..။သူမရဲ့ ခြေလှမ်းသံက ကျမနှလုံးခုန်နှုန်းကို တိုးမြင့်ပေးနေတဲ့အောက်ဆီဂျင်လေးပေါ့...။လက်သွယ်သွယ်ပေါ်က အကြောစိမ်းစိမ်းလေးတွေကို ကျမရဲ့အသက်သွေးကြောမျှင်တွေလိုကပ်တွယ်မိနေတာလဲ ကျမကိုယ်တိုင်ပါပဲလေ...။စိတ်ဆိုးလို့ မျက်စောင်းလေးများဝင့်လိုက်ရင်..ဒီလူနေစရာနေရာတောင်ရှိပါ့မလား။ ရင်ထဲကိုစူးနစ်ဝင်လာတဲ့ သူမအကြည့်တွေက သိပ်ကိုပြုစားလွန်းပေသည်။ခြုံပြောရ ရင် ကျမအသက်ဖြစ်တည်မှုတောင် သူမရဲ့ လှုပ်ရှားမှုဟန်ပန်လေးတွေပဲ ​​ဖြစ်သည်။သူမရဲ့ ချစ်စရာ အပြုအမှုတွေကြားထဲမှာ ကြာရင် ဒီကလူ ရူးရချည်ရဲ့လေ ရူးရချည်ရဲ့...။

"ဆရာမ"

"...."

သူမရဲ့ခေါ်သံကိုပြန်မထူးပေ

"ဆရာမရေ..."

"....."

"ထူးရဲ့..ပင်လယ်နီလေး.."

မြတ်နိုးရသူWhere stories live. Discover now