ကြယ်စင်နော်ထူးကိုချီကာဆရာမသဇင်အိမ်သို့ မြန်မြန်ပြေးလာခဲ့သည်။ဆရာမအိမ်ရောက်တော့ ဆရာမနီနီ
ပြတင်းပေါက်မှာမိုးရွာနေတာကိုအသက်မဲ့နေတဲ့လူကိုငေးနေတာကိုတွေ့ရသည်။နှင်းလဲ အချက်အသံပြုလိုက်တော့ ဆရာမအသိဝင်လာပုံ.."ဆရာမ..ဆရာမ.."
"ဟေ "
"နော်ထူး..နော်ထူးပါလာပြီ"
"နော်ထူးလေးကိုပြန်တွေ့လာပြီလား..ဘယ်မှာလဲ ထူးထူးကိုခေါ်ပေးပါ သူဘယ်မှာလဲ..ဆရာမကိုထားခဲ့လို့မရဘူးနော် ထူးထူးရေ"
နော်ထူးဆိုတဲ့နမည်လေးကြားရုံနဲ့ ရူးမတတ်ဖြစ်နေတဲ့ဆရာမကို နှင်းဂရုဏာသက်မိတာအမှန်ပင်။
"စိတ်အေးအေးထားနော်ဆရာမ နော်ထူးကသတိမေ့လဲနေလို့ ကြယ်စင်ကအခန်းထဲကိုချီခေါ်သွားပြီ..ဆရာမမကြားလိုက်တာ..နော်ထူးအခုအခန်းထဲမှာရှိတယ်..ဒါပေမယ့် ဆရာဝန်ကိုဖုန်းခေါ်ဖို့ ဖုန်းလေးပေးပါဆရာမရယ်.."
"ဖုန်းလား ရော့သမီး မိသားစုဆရာဝန်လို့မှတ်ထားတယ် ခေါ်လိုက်နော် ဆရာမ ထူးထူးဆီသွားတော့မယ်။"
"ဟုတ်"
နှင်းလဲ ဆရာဝန်ကိုဖုန်းခေါ်ကာ မိဘတွေနဲ့ ဆရာမနှစ်ယောက်ကိုပါဖုန်းခေါ်ပြီးပြန်တွေ့ကြောင်းအသိပေးလိုက်သည်။ဆရာမနီနီကတော့ ထူးထူးရှိတဲ့အခန်းထဲသို့ဝင်သွားချေပြီ
နီနီဝင်သွားတော့ ကြယ်စင်ကထူးထူးကိုအဝတ်အစားတွေလဲပေးထားကာ ကုတင်ပေါ်သို့ တင်ပေးထားသည်။ကုတင်ထက်မှာ အပစ်ကင်းစွာလှဲလျောင်းနေသော နီနီ့ရဲ့ကလေးငယ်..ပန်းရောင်သမ်းနေကျနှုတ်ခမ်းလေးတွေက ခုဆိုခပ်ပြာပြာ မျက်လုံးမှိတ်ထားပုံမှာ သွေးကြောစိမ်းတွေတွေမြင်ရသည်အထိ..နီနီတစ်ယောက် ပြိုလဲချေပြီ ကလေးငယ်ကိုကြည့်ရင်း အရုပ်ကြိုးပြတ်လဲကျသွားသည်ကိုကြယ်စင်ကထူပေးလျက်..ခုံတစ်လုံးယူ၍ ထူးထူးလေးအနားနေရာချပေးကာအခန်းပြင်သို့ရှောင်ပေးလေသည်။
ကျမချစ်ရတဲ့ ကလေးငယ် ကျမကိုအမြဲဂရုစိူက်တဲ့ကလေးငယ် ကျမကိုအမြဲနားလည်ပေးတဲ့ကလေးငယ် ကျမရဲ့ကမ္ဘာငယ်လေးက အခုဆိူကျမကြောင့် ကုတင်ပေါ်လှဲလျောင်းနေရပြီတဲ့လား...ကျမကြောင့်တဲ့လေ..ထိုကလေးအပေါ်ဘယ်လောက်စိတ်ဒဏ်ရာတွေပေးမိပြန်လဲမသိ..ရင်ထဲနာကျင်လို့နေသည်။ကလေးငယ်ရဲ့ လက်ကိုခပ်ဖွဖွကိုင်တော့ အေးစက်နေသော လက်သေးသေးလေး..အချစ်ရယ် တို့ကြောင့်မင်းနာကျင်နေရပြီ..တို့မကောင်းတာပါ တို့မကောင်းတာပါကွယ်..နီနီ့မျက်ရည်စက်လေးတစ်ပေါက်ဟာ နော်ထူး၏လက်ဖမိုးပေါ်သို့ကျရောက်ခစားလျက်ရှိသည်။
YOU ARE READING
မြတ်နိုးရသူ
Fantasyမပိုင်ဆိုင်ချင်ပါဘူး ငေးကြည့်ရရုံနဲ့ကျေနပ်ပါတယ် ဆရာမရယ်...နှင်းဆီနီနီကိုသိပ်သဘောကျတဲ့ဆရာမ နော်ထူးကတော့...ဆရာမကိုပဲသဘောကျမိပါရဲ့..။ ဇာတ်ကောင်နမည်က နမည်အရင်းတွေထည့်သုံးထား တာမို့ ဆရာမတွေကိုထိခိုက်လိုစိတ်မရှိပါဘူး.... စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ပါနော်...