p-31

1.8K 103 14
                                    

"ဗျို့..အထူးရေ"

"ရှင်...အော်...အ​မဝတ်ရည်လာလေ ကိုကြီးလဲပါလာတာလား"

"အေးဟုတ်တယ်အထူးရေ...မှောင်နေပြီမလို့နင့်အကိုကိုခေါ်လာတာ"

"ဟုတ်..လက်ဖက်သုတ်ပေးမယ်ခနလေး..အမဝတ်ရည်"

"မလိုပါဘူးတော်...ကျုပ်တို့လာတာအကြောင်းရှိတယ်တော့"

ဟန်ရေးတစ်ပြင်ပြင်နဲ့အမဝတ်ရည်က နော်ထူးတို့ထိုင်တဲ့ကွပ်ပြစ်လေးဆီလျှောက်လာသည်။ထို့နောက်ဟန်ပါပါထိုင်လိုက်ပြီး..နော်ထူးကိုတစ်ခုခုပြောမည့်ပုံပင်။
အမဝတ်ရည်က..အသားခပ်ညိုညို..မျက်နှာမှာလည်းအတော်ပင်လှသည်။ရွာမှာသူကကွမ်းတောင်ကိုင်ပန်းတောင်ကိုင်ဖြစ်သည်။တောသူမို့သူမအလှယဉ်သည်။ပွင့်ပွင့်လင်းလင်းရှိတာလည်း ဒီရွာသူတွေရဲ့ချစ်စရာအကျင့်ပင်..။ခုလို အသားညို..စကားချို ပြီး ငိုပြောရင်ပိုချောတဲ့အမဝတ်ရည်ကို ပိုးပန်းတဲ့ကာလသားများဟာလည်းမနည်းပေ..။

နော်ထူးလည်း ရေနွေးကြမ်းလင်ဗန်းလေး အပြေးအလွှားသွားယူလာတော့...ဆရာမက အမဝတ်ရည်ကိုစကားဆိုနေ၏။

"ဟုတ်လား..ပြောပါဉီး..ဝတ်ရည်ရဲ့"

"ဒီလိုဆရာမရဲ့....အိမ်ကိုအမေကခေါ်ခိုင်းလို့ပါတော်
လာခဲ့ပါဉီးတဲ့..လူကြီးတွေစကာဝိုင်းရှိတယ်လေ
ကာလသားတွေရောအပျိုတွေရောရှိတယ်..သူငယ်ချင်းတွေပေါ့တော် လက်ဖက်လေးစား
စကားလေပြော..​ ပျော်ဖို့ကောင်းတာပေါ့တော့်
အဲ့တာ ဆရာမတို့ပျင်းနေမယ်ဆိုးလို့ စကားပြောဖို့လာခဲ့ပါတဲ့..ရွာကသူတွေနဲ့လည်းပိုရင်းနှီးအောင်လို့တဲ့။"

"ဖြေးဖြေးပြောပါအမဝတ်ရည်ရယ်...ရော့ရေနွေးလေးသောက်ဉီး"

"ကျုပ်အားပါသွားလို့ပါတော့"

"ငယ်ကလည်း..ဝတ်ရည်ကိုစနေပြန်ပြီ
ငယ်သွားမှာလား"

"သွားမယ်လေ.."

"ဟုတ်ပြီ ဒါဆိုသွားကြမယ်..ခနလေးဆရာမ တံခါးတွေပိတ်လိုက်ဉီးမယ်"

"ဟူတ်ကဲ့"

ဆရာမတံခါးပိတ်နေတုန်း..ခနကသွားယူလာတဲ့ရေနွေးကြမ်းဗန်းလေးကို နော်ထူးကသွားသိမ်းသည်။ပြီးနောက်လေးယောက်သား..အိမ်အနောက်ကနေတစ်ဆင့် ကြီးကြီးအိမ်သို့သွားကြသည်။

မြတ်နိုးရသူWhere stories live. Discover now