ကြယ်စင့်အစီအစဉ်က တဖြေးဖြေးအလုပ်ဖြစ်လာသည်။မနေ့က နော်ထူးကိုသွားစည်းရုံးခဲ့ပေမယ့် ဒီနေ့ဆရာမနီနီဆီ စည်းရုံးရမည်ဖြစ်သည်။သို့ပေမယ့် ဆရာမရဲ့အမေကိုဘယ်လိုလုပ်မလဲလေ..။ကြယ်စင်တို့စဉ်းစားရကြပ်နေသည်။
ကြယ်စင့်အိမ်ကအခန်းထဲမှာသူငယ်ချင်းနှစ်ယောက်ထိုကိစ္စကိုအသေးစိတ်တိုင်ပင်နေကြသည်။"နှင်း..ဆရာမကိုစည်းရုံးရမယ်နော်"
"အေး..ငါလဲစဉ်းစားနေတာ..ဆရာမ မားသားကြီးလဲရှိသေးတယ်ဟ"
"....."
ကြယ်စင်လဲ အသံတိတ်ကာစဉ်းစားနေလိုက်သည်။
ခနအကြာတွင်ကြယ်စင့်ထံအကြံတစ်ခုပေါ်လာသည်။"ဟဲ့ငါသိပြီ"
"ဘာတုန်း"
"ဒီလိုကွာ..ဆရာမအမေကငါတို့ကိုလဲသိနေပြီဆိုတော့ ဒီတိုင်းဝင်လို့ရမှာမဟုတ်ဘူး..အဲ့တော့ညဘက်ခိုးဝင်မယ်"
"ဟာ..ဖြစ်ပါ့မလားဟ"
"ဖြစ်ပါတယ်ဟ ငါ့..ခင့်ဆီမှာဆိုင်ကယ်သွားယူလိုက်မယ်"
ကြယ်စင်က ဆရာမဒေါ်မေဉီးခင်ကို..ခင်ဟုသာခေါ်သည်။ကျောင်းမှာသာ ဆရာမဟုခေါ်ပေသည်။"နင်ကလဲ ဟုတ်မှလုပ်ပါ တော်ကြာဂျေးထဲအောင်းနေရမယ်"
"ရပါတယ်ဟ ကြိုးစားကြည့်မယ်..ဆရာမဆီကို..ဒီညဆိုင်ကယ်နဲ့သွားမယ် ပြီးရင်ဆရာမ..အိပ်ခန်းပြတင်းပေါက်ကို ခေါက်လိုက်ရင်ဆရာမပြတင်းပေါက်ဖွင့်ပေးမှာပေါ့ဟ"
"နင် ကတော့လေ"
"မလိုက်ဘူးလား"
"လိုက်မယ်"
"စောစောကပြောရင်ပြီးနေတာကို..ဒါနဲ့ဆရာမတို့အနားမှာနင့်အသိအိမ်လေးဘာလေးမရှိဘူးလား"
"ရှိတော့ရှိတယ် ဘာလုပ်မို့လဲ"
"ညသန်းခေါင်ကြီးတော့ မိန်းကလေးနှစ်ယောက်ထဲသွားလို့မဖြစ်ဘူးလေ..နင့်အသိအိမ်ရှိရင်တည်းလို့ရတာပေါ့"
"အော်..ဒါဆိုငါ့အမဝမ်းကွဲအိမ်ရှိတယ်..အေးဆေးတည်းလို့ရတယ်"
"ဒါဆိုအဆင်ပြေသားပဲ"
"ဒီညသွားမှာလား"
"အင်း အချိန်မရှိဘူးမြန်မြန်လုပ်ရမှာ.."
YOU ARE READING
မြတ်နိုးရသူ
Fantasyမပိုင်ဆိုင်ချင်ပါဘူး ငေးကြည့်ရရုံနဲ့ကျေနပ်ပါတယ် ဆရာမရယ်...နှင်းဆီနီနီကိုသိပ်သဘောကျတဲ့ဆရာမ နော်ထူးကတော့...ဆရာမကိုပဲသဘောကျမိပါရဲ့..။ ဇာတ်ကောင်နမည်က နမည်အရင်းတွေထည့်သုံးထား တာမို့ ဆရာမတွေကိုထိခိုက်လိုစိတ်မရှိပါဘူး.... စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ပါနော်...