နီနီတစ်ယောက်..
ကားလမ်းမတစ်ခုပေါ်...တစ်ယောက်ထဲလမ်းလျှောက်နေမိသည်။
အရာရာကို...ဆုံးရှုံးသွားသယောင်...
ရင်ထဲဟာတာတာပင်...ဝဲဘက်ရင်အုံကနာကျင်နေပေမယ့်...ဘာကြောင့်မှန်းနီနီမသိပေ..
နီနီသိတာ..ငယ်တစ်ယောက်သာ
ငယ်...ငယ်ဘယ််ရောက်နေလဲ ငယ့်ကိုရှာမတွေ့တော့ဘူး...ဒီကားလမ်းမ မှာနီနီတစ်ယောက်ထဲ
ငယ့်ကိုလိုက်ရှာရသည်။ခုချိန်ဆိုသူအရမ်းကြောက်နေမှာ...နှလုံးသားကနာကျင်မှုနဲ့အတူ..ငယ့်ကိုလိုက်ရှာပေမယ့်မတွေ့...မျက်ရည်များကျလာ...အသံတွေကွဲအက်လာတဲ့အထိခေါ်နေပေမယ့် ငယ်မကြား..
နောက်ဆုံး...နီနီတစ်ယောက်ထိုနေရာပင်လဲကျသွားသည်။"တီ...တီ...တီ"
"ဟင်..ဆရာမ..ဆရာမ"
နော်ထူးခေါ်နေပေမယ့်မကြား...အရေးပေါ်ခလုပ်ကိုနှိပ်လိုက်တော့... ဆရာဝန်တွေရုတ်ချည်းရောက်ချလာသည်။..ဘာကြောင့်ဆို..ဆရာမနှလုံးရပ်သွားခြင်းကြောင့်သာ..
"လူနာရှင်အပြင်ထွက်ပေးပါနော်..."
"ဟုတ်ကဲ့ပါ...ဆရာမကိုကယ်ပေးပါဒေါက်တာရယ်"
"စိတ်ချပါ.."
နော်ထူးထွက်လာတော့ဆရာဝန်တွေက သူ့အလုပ်သူလုပ်နေကြသည်။နော်ထူကတော့အခန်းထဲ ဖြစ်ပျက်နေတာကိုငေးကြည့်ယုံစာမျက်ရည်များကျဆင်းလျက်ရှိသည်။
ဆရာဝန်တစ်ယောက်က နီနီရင်ဘက်ပေါ် အကြိမ်ကြိမ်ဖိ၍..CPR လုပ်နေသည်။အကြိမ်ကြိမ် CPR လုပ်ပေမယ့် အခြေအနေထူးမလာ
"ဒေါက်တာ ရှောခ့်ရိုက်မယ်..အခုဘယ်နှစက္ကန့်လဲ"
"45 စက္ကန့်ပါ"
"60 ပြည့်ရင် ရှောခ့်ရိုက်မယ်"
"ဟုတ်ကဲ့ဒေါက်တာ.."
နော်ထူးအတွင်းထဲကစကားသံတွေမကြားပေ...ထိုနေရာ၌ ဒူးထောက်လျက်သားပုံကြသွားသည်။
"ဟင့်...ဆရာမရယ်..ပြန်လာပေးပါ.."
အထဲမှာလဲ သေမင်းနဲ့ယဉ်ပြိုင်အသက်လုနေရသော ဆရာဝန်များရှိလေသည်။
ဆရာဝန်အကူလေးတစ်ယောက်က စက်ကိုယူလာ၍ ရှောခ့်ရိုက်ရန်အသင့်ပြင်နေချေသည်။
YOU ARE READING
မြတ်နိုးရသူ
Фэнтезиမပိုင်ဆိုင်ချင်ပါဘူး ငေးကြည့်ရရုံနဲ့ကျေနပ်ပါတယ် ဆရာမရယ်...နှင်းဆီနီနီကိုသိပ်သဘောကျတဲ့ဆရာမ နော်ထူးကတော့...ဆရာမကိုပဲသဘောကျမိပါရဲ့..။ ဇာတ်ကောင်နမည်က နမည်အရင်းတွေထည့်သုံးထား တာမို့ ဆရာမတွေကိုထိခိုက်လိုစိတ်မရှိပါဘူး.... စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ပါနော်...