ကြယ်စင်တို့ကျောင်းဆင်းတော့..နော်ထူးကိုမတွေ့ပေ
ဒါကြောင့်လိုက်ရှာနေကြသည်။"ဟဲ့ နှင်း"
"ဟေ"
"နင်တို့က အခန်းချင်းကပ်ရပ် မဟူတ်ဘူးလား"
"ဟဲ့..ငါက ပြတင်းပေါက်တံခါးတွေပိတ်ပြီး ဝှိုက်ဘုတ်ဖျက်နေတာလေ..သူများတွေလို အခန်းထဲက စောစောထွက်လို့ရတာမှမဟုတ်တာ.."
"ဒါနဲ့ ငါတို့တွေ အဆောင်တွေနောက်ရှာကြမယ်"
"အေး သူတို့အဆောင်နောက်အရင်သွားမယ် ပိတောက်ပင်ကြီးဆီကိုလေ ငါတို့အဲ့ကိုမရောက်သေးဘူးကို..သူအခန်းရှေ့မှာမတွေ့တာနဲ့အခြားနေရာရှာနေရတယ် အဲ့နေရာမေ့နေတယ်"
"အင်း ကျောင်းတံခါးလဲပိတ်တော့မယ် မြန်မြန်သွားမယ်"
နှင်းတို့လဲ နော်ထူးတို့အဆောင်နောက်ကို ရှာကြည့်ရာ တွေ့ပါပြီ..လွယ်အိတ်လေးက ဘေးကိုကျနေကာ..သူမကတော့လွယ်အိတ်ဘေးမှာ ဒူးထောက်လျက်သား..
"ဟဲ့..နော်ထူး!"
နှင်းလှမ်ခေါ်မယ့် သူမလှည့်မကြည့်ပေ တသိမ့်သိမ့်တုန်နေသော ကျောပြင်ငယ်လေးကြောင့်သူမငိုနေသည်မှာသေချာနေပြီလေ..
"နော်ထူး..ဟဲ့..ဘာဖြစ်တာတုန်း"
နှင်းလဲနော်ထူးရှိရာသို့ပြေးသွားကာ ပုခုံးကိုကိုင်လှုပ်တော့ နှင်းရင်ခွင်ဝင်ကာ ခါးကိုတင်းတင်းဖက်၍ ရှိုက်ကာငိုနေသော နော်ထူးကြောင့် နှင်းနဲ့ကြယ်စင်မှာစိတ်ပူရချေပြီလေ..
"နော်ထူး ဘာဖြစ်တာတုန်း"
ဘာမှမပြောပဲငိုနေသောနော်ထူးကြောင့်အိမ်ခေါ်သွားဖို့သာပြင်ရသည်။နှင်းက နော်ထူး၏ပုခုံးကိုထိန်း၍ ကြယ်စင်က လွယ်အိတ်တွေဘယ်ခဲ့၍သာခေါ်လာခဲ့သည်။..ကြယ်စင်တို့ ကျောင်းပေါက်ဝရောက်တော့ တံခါးတောင်ပိတ်ချေတော့မည်။တံခါးစောင့်တွေက ကြယ်စင်တို့ကိုတွေ့တော့တံခါးဖွင့်ပေး၍..အိမ်ပြန်စေသည်။
လမ်း၌လဲဘာစကားမှမပြော..အသံတိတ်နေသည့်နော်ထူးကြောင့် နှင်းနဲ့ကြယ်စင်လဲ စိတ်မကြည်သာချေ နေကောင်းတာမှမကြာသေး ခုလဲစိတ်ညစ်စရာတွေရှိနေပြန်သည်ထင်၏...
![](https://img.wattpad.com/cover/327723216-288-k643536.jpg)
YOU ARE READING
မြတ်နိုးရသူ
Fantasyမပိုင်ဆိုင်ချင်ပါဘူး ငေးကြည့်ရရုံနဲ့ကျေနပ်ပါတယ် ဆရာမရယ်...နှင်းဆီနီနီကိုသိပ်သဘောကျတဲ့ဆရာမ နော်ထူးကတော့...ဆရာမကိုပဲသဘောကျမိပါရဲ့..။ ဇာတ်ကောင်နမည်က နမည်အရင်းတွေထည့်သုံးထား တာမို့ ဆရာမတွေကိုထိခိုက်လိုစိတ်မရှိပါဘူး.... စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ပါနော်...