အခန်းထဲ ပျံ့ နှံ့ လာတဲ့ သီချင်းသံ သဲ့သဲ့။
' I still remember the third of December , me in your sweater '
' You said it looked better on me than it did you '
' Only if you knew how much I liked you '
ပါးပေါ် စီးဆင်းလာတဲ့ မျက်ရည်။
ဒီမျက်ရည်တွေဟာ နာကျင်မှုကို ကိုယ်စားပြုခြင်းဖြစ်တယ်။
" ကျန်းမာကြံ့ခိုင်ပြီး လှပတဲ့ သမီးလေးပါ "
ဘာမှပြန်မပြောမိ။
နှလုံးသားထဲမှာ ပြည့်နှက်နေတဲ့ နာကျင်မှုတွေကြောင့် ပြောစရာစကားကို ရှိမနေခဲ့။
" ကြည့်ပါဦး "
အနားကို ယူလာပြီး ရင်ခွင်ထဲ လာထည့်တာကြောင့်
" အဲ့ကလေးကို ကျွန်တော့် မျက်စိရှေ့ကို ပေါ်မလာစေနဲ့ !! "
အော်ဟစ်ပစ်လိုက်တာကြောင့် ထိုကလေးဟာ လန့်ပြီး အသည်းအသန်ကို အော်ငိုတော့သည်။
" Baby "
" အဲ့ကလေးကို စွန့်ပစ်လိုက် မာမား "
" ဒါက babyရဲ့ သမီးလေးပါ "
" သူ့သွေးသားဖြစ်နေလို့ မလိုချင်ဘူး မာမား "
" Babyရယ် .. ကလေးမှာ အပြစ်မရှိပါဘူး "
" Jeon JungKook ရဲ့ ကလေးဖြစ်နေလို့ အပြစ်ရှိတယ် "
" ... "
" Jeon JungKook ကို ချစ်မိခဲ့တဲ့ ကျွန်တော့်မှာလည်း အပြစ်ရှိတယ် ! Jeon JungKook နဲ့ ပတ်သက်တဲ့အရာတိုင်း အပြစ်ရှိတယ် မာမား "
" Babyရယ် "
" အဲ့ကလေးကို လွှင့်ပစ်လိုက်ပါ မာမား "
" သမီးလေးမျက်နှာကို တစ်ခါလောက်ပဲဖြစ်ဖြစ် ကြည့်လိုက်ပါလား babyရယ် "
" ကျွန်တော် မကြည့်ချင်ဘူး !!! အဲ့ကလေးကို မမြင်ချင်ဘူး!!! Jeon JungKook နဲ့ တူနေမယ့် အဲ့ကလေးကို ကျွန်တော် လုံးဝကို မမြင်ချင်ဘူး !!! "
တံခါးပိတ်သံအနောက် အရာရာဟာ အလဲလဲအပြိုပြို။
' Balloons are deflated '
' Guess they look lifeless like me '
' We miss you on your side of the bed '
' Still got your things here '
YOU ARE READING
Heather's Heartbreak Anniversary✓
RomanceKim Seok Jin & Park Jimin & Kim TaeHyung & Jeon JungKook KookV , VMin , Vminkook