Part - 30 ( Final )

13.1K 697 57
                                    

" Jimin "

" ကိုယ့်ကို ပြောစရာရှိတယ်ဆိုတာ ဘာလဲ ? "

" Jiminie "

" ပြောလေ Tae "

" ကိုကို ဆေးရုံတက်နေရတယ် "

" Kim Seok Jin? "

" ကိုကို ဦးနှောက်မှာ အကျိတ်ဖြစ်နေတယ် "

" ‌ဪ "

" အဲ့အကျိတ်က ကင်ဆာဖြစ်နေပြီ "

" ဪ "

" ခွဲမစိတ်ဘူးလုပ်နေတယ် ... သေတဲ့အချိန်ကို ထိုင်စောင့်နေတယ်တဲ့ "

" ဪ "

" ကိုကို့ကို သွားတွေ့ လိုက်ပါ "

" ဟင့်အင်း "

" Jimin ... ကိုကိုက မင်းကို တွေ့ ချင်နေတာ "

" သူက Tae ကို နာကျင်အောင်လုပ်တဲ့သူတွေထဲမှာ ပါတယ်။ ကိုယ်အဲ့လိုလူကို မတွေ့ ချင်ဘူး အချစ် "

" Jiminie "

" ညီအစ်ကိုဆိုတာ သိနေတာတောင် Tae ချစ်တဲ့သူကို လုယူသွားတဲ့ သူမျိုးကို ကိုယ်တွေ့ ဖို့မပြောနဲ့ အသံတောင်မကြားချင်ဘူး Tae ! "

" Jeon JungKook ကို သူ လုယူခဲ့တာက မင်းအတွက်ပဲ Jimin !! "

" ဘာတွေပြောနေတာလဲ အချစ် ? "

" ကိုကိုက ငါ့ကို နာကျင်အောင် လုပ်တဲ့ JungKook နဲ့ သဘောမတူဘူး ... နောက်ပြီးတော့ မင်းက ငါ့ကို သိပ်ချစ်တယ်ဆိုတာ သိနေတော့ မင်းနဲ့ငါ ပေါင်းဖက်လို့ရအောင် ကိုကိုက သူ့နှလုံးသားကို စတေးပြီး JungKook ကို လုယူခဲ့တာ ! တကယ်တော့ ကိုကိုက မင်းကိုပဲ ချစ်တာပါ Park Jimin ရဲ့ "

" ... "

" ငါလေ ကိုကို့ကို အချစ်ကြောင့် မနာကျင်စေချင်ဘူး ... အချစ်ကြောင့် နာကျင်ရတဲ့ ခံစားချက်ကို ငါအသိဆုံး .. ကိုကိုက ငါ့နေရာမှာ ဟန်ဆောင်နေပေးခဲ့တာတောင် သိပ်ပင်ပန်းနေခဲ့တာ ... အဲ့လို ဟန်ဆောင်မှုတွေကြားထဲ မင်းကို ချစ်မိခဲ့တာ ... သူ ချစ်မိပြန်တော့လည်း မင်းက ပြန်မချစ်ခဲ့ ... ကိုကိုကလေ ငါ့လိုပဲ သိလား Jimin ? ဘဝမှာ တစ်ခါပဲ ချစ်မိခဲ့ဖူးကြပေမယ့် အချစ်ကံမကောင်းဘူး ... ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်ကြဘူး "

" Tae ပြောချင်တာက ဘာလဲ ? "

" ကိုကို့ဆီကို သွားလိုက်ပါ Jimin ... အခုချိန်မှာ ကိုကိုကလေ မင်းကို လိုအပ်တယ် Jimin ... ငါ့အနားမှာ ကပ်တွယ်မနေပါနဲ့တော့ "

Heather's Heartbreak Anniversary✓Where stories live. Discover now