Part - 13

5.1K 530 48
                                    

" ကဲ ! တော်ပြီ ... Darling ဘာမှမဖြစ်ပါဘူးဆိုကွာ "

ကွဲသွားတဲ့ ခေါင်းကို ဆေးထည့်ပေးရင်း တအင့်အင့်ကို ရှိုက်ငိုနေတော့တာ ဝက်ဝံလုံးက ...

" Darling ကို သူတို့က တုတ်ကြီးနဲ့ ရိုက်ပစ်တာ "

" Baby လည်း အုတ်ခဲနဲ့ ပြန်ဆော်တယ်လေ "

" အဲ့တာ ဝက်ဝံလုံး ချစ်ချစ်ကြီးကို လာရိုက်လို့ ပြန်ရိုက်မိတာပါ ... Darling မဆူရဘူးနော် "

နှုတ်ခမ်းကို ချွန်ပြီး လက်ညှိုးတခါခါဖြင့် သူ့ကို မဆူဖို့ကို ပြောနေတော့သည်။

" မဆူပါဘူးကွာ ... မဆူပါဘူး "

" အင်း ... Darling မဆူရဘူး "

အခန်းတံခါးကို ခေါက်ကာ ဝင်လာတဲ့ ဝက်ဝံလုံး၏ အမေ။

" Baby တို့ နှစ်ယောက်စားဖို့ မာမား မုန့်ယူလာတယ် "

" ကျေးဇူးပါ မာမား "

" Baby ရဲ့ darling လည်း လွတ်လွတ်လပ်လပ်နေနော် .. အိမ်မှာက နှစ်ယောက်ပဲရှိတော့ အေးဆေးနေလို့ရတယ် "

" ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် "

ဝက်ဝံလုံး အမေက ဝက်ဝံလုံး ပါးကို နမ်းပြီး ထွက်သွားသည်။

" ဝက်ဝံလုံး "

" ဗျာ "

" မင်း အဖေရော ? "

" ပါပါးက သေသွားတာ ကြာပြီ "

" အော "

ဝက်ဝံလုံး အခန်းကို လျှောက်ကြည့်တော့ တစ်ခန်းလုံးကို အညိုရောင်တွေကြီးပဲ အလှဆင်ထားတာ။

နောက်ပြီး ballet နဲ့ ပတ်သက်တဲ့ poster တွေရော ၊ ဝက်ဝံရုပ်တွေရောပါ အခန်းထဲ အပြည့်။

ခါးကို ဖက်တွယ်လာသည့် လက်တွေ။

နောက်ပြီး ကျောပြင်ကို ကပ်လာသည့် ပါးပြင် နှင့်အတူ ကျောပြင်ကို စိုစွတ်လာသည့် အရည်တချို့။

" Dar .. darling နဲ့ မခွဲချင်ဘူး "

" ရုပ်ဆိုးလေး "

" Jeon နဲ့ ခဏလေးတောင်မှ မဝေးချင်ဘူး "

" ... "

" Darling ကို အများကြီး ချစ်မိသွားတာ ... အများကြီးဆိုတာထက် အချစ်လွန်နေမိတာပါ "

Heather's Heartbreak Anniversary✓Where stories live. Discover now