Part - 28

7K 592 49
                                    

မျက်စိရှေ့က အကောင်ပေါက် ပြောလိုက်တဲ့ စကားကြောင့် နှလုံးခုန်နှုန်းဟာ မြန်လာခဲ့သည်။

ဒီစကားကို သိပ်ရင်းနှီးလွန်းသည် မဟုတ်လား ?

တိုက်ဆိုင်တာပဲ နေမှာပါ ...

" နာလိုက်ယာ "

နဖူးကို လက်သေးသေးလေးဖြင့် ပွတ်ကာ ပြောနေတာကြောင့် နဖူးကို နှုတ်ခမ်းဖြင့် ဖိကပ်နမ်းလိုက်ရင်း

" အုံဖွ ! ငါ့ကို တစ်စုံတစ်ယောက်က ပြောဖူးတယ် ... တစ်ခုခုကြောင့် နာကျင်လာရင် အနမ်းပေးလိုက်တဲ့ ... အဲ့အနမ်းကြောင့် နာကျင်မှုတွေ ပျောက်သွားလိမ့်မယ် "

ထို အကောင်ပေါက်ဟာ မျက်လုံးဝိုင်းဝိုင်းတွေဖြင့် မော့ကြည့်နေ၏။

" မင်း နာနေသေးလား ? "

" နာတော့ဝူး ... ကျေးဇူးပဲ ဦးလေးကြီး "

ဘောင်းဘီအိတ်ကပ်ထဲကနေ ဘာတွေ ထုတ်နေမှန်းမသိ။

" ရော့ ! ဒါကျေးဇူးတင်လက်ဆောင်ပါ .. ကောင်းကောင်းစားရော် ဦးလေးကြီး "

လက်ထဲ ရောက်လာတဲ့ strawberry lollipop ...

ထိုကလေးဟာ ပေးပြီးတာနဲ့ လှုပ်စိလှုပ်စိ ထွက်သွားတော့သည်။

ထိုနေရာမှာထိုင်ပြီး လက်ထဲက strawberry lollipop ကိုသာ ငေးငိုင်ကြည့်နေမိ၏။

ကံတရားရယ် .. ဘာလို့များ တိုက်ဆိုင်နေရတာလဲ ?

" ပါပါး "

" Adam !! "

ရင်ခွင်ထဲ ပြေးဝင်လာတဲ့ Adam ကြောင့်

" ဘာလို့ လျှောက်သွားနေရတာလဲ ? ပါပါး စိတ်ပူနေမှာကို မသိဘူးလား သားရယ် "

" Anan ဘောလုံး အပြင်ရောက်တွားလို့ .. သွားကောက်ပေးတာ "

" နောက်ဆို ဘယ်သွားမယ်ဆိုတာကို ပါပါးကို အရင်ပြောရမယ်နော် ကလေး "

" ဟုတ်ကဲ့ပါပါး "

Barbie ballet ကာတွန်ကို ကြည့်နေတဲ့ သူ့ ညီမဘေး သွားထိုင်ပြီး သူ့ ညီမကို အာဘွားတွေပေးနေတော့တာပဲ။

Adam က သူ့ ညီမကိုတော့ သိပ်ချစ်၏။

Anan ဆိုပြီး ခေါ်နေပြီး တစ်နေကုန် လိုက်စနေတော့တာပါပဲ။

Heather's Heartbreak Anniversary✓Where stories live. Discover now