" ပြန်လာပြီလား "
အိမ်ထဲဝင်ဝင်လာချင်း မေးလာသည့် အမေ။
" ဟုတ်ကဲ့ အမေ "
အမေလို့ ခေါ်တော့ လက်ဖက်ရည်သောက်နေသည့် အမေ့ဆီက အကြည့်စူးစူးကို လက်ခံရရှိလိုက်သည်။
" ဟုတ်ကဲ့ မာမား "
" အဲ့လိုမှပေါ့ "
အဖေက စာကြည့်ခန်းထဲကနေ ထွက်လာကာ
" ပါပါး Heather လေး ပြန်လာပြီပေါ့ "
" ဟုတ်ကဲ့ ပါပါး "
အဖေက ခေါင်းတငြိမ့်ငြိမ့်ဖြင့် အမေ့အနား ဝင်ထိုင်သည်။
" ဒါဆို ကျွန်တော် အပေါ်တက်ပါတော့မယ် "
အရိုအသေပေးခဲ့ကာ အပေါ်ကို အမြန်တက်လာလိုက်သည်။
အခန်းထဲ ရောက်သည်နှင့် အခန်းတံခါးကို lock ချကာ ထိုင်ငိုနေမိသည်။
သိပ် မွန်းကြပ်တယ်။
အရမ်းကို မွန်းကြပ်တယ်။
မှန်အရှေ့ကို သွားကာ ကိုယ့်မျက်နှာကို စိုက်ကြည့်နေမိ၏။
မှန်ထဲက ကိုယ့်၏ ပုံရိပ်။
အစစ်အမှန်ဆိုတာ မရှိ။
ဟန်ဆောင်မှုတွေဖြင့်သာ ပြည့်နှက်နေသည်။
မျက်ကပ်မှန် အညိုရောင်ကို ဖြုတ်လိုက်တော့ ပေါ်လာတဲ့ မျက်ဝန်း အမည်း။
ဒါကမှ ငါ့ရဲ့ သရုပ်မှန်။
ဒါကမှ ငါ့ရဲ့ ဖြစ်တည်မှု အမှန်။
ဒေါက် ! ဒေါက် !
ထွက်ပေါ်လာတဲ့ တံခါးခေါက်သံ။
သွားဖွင့်ပေးလိုက်တော့ အမေဖြစ်နေသည်။
ကျွန်တော့်ကို မြင်တာနဲ့ အခန်းထဲ အမြန်ဝင်လာကာ lock ကို ချလိုက်ပြီး
ဖြောင်း !!
ဖြောင်း !!
ပါးပေါ်ကျရောက်လာတဲ့ အမေ့ လက်ဖဝါး။
" နင့်ကို ငါဘာပြောထားလဲ ? အဲ့မျက်ကပ်မှန်ကို မဖြုတ်နဲ့လို့ ငါမပြောထားဘူးလား ? "
" ဒါက ကျွန်တော့် မျက်လုံးအရောင်မှ မဟုတ်တာ အမေ "
ဖြောင်း !!
![](https://img.wattpad.com/cover/328200341-288-k227901.jpg)
YOU ARE READING
Heather's Heartbreak Anniversary✓
RomanceKim Seok Jin & Park Jimin & Kim TaeHyung & Jeon JungKook KookV , VMin , Vminkook