Wardrobe ကိုဖွင့်ကာ တစ်ဖက်ခြမ်းရှိ darling ၏ အဝတ်ကန့်ထဲက အဝတ်တချို့ကို ခေါက်ကာ အိတ်တစ်ခုထဲ ထည့်ပေးနေမိသည်။
Underwear အကန့်ထဲက darling ၏ underwear သုံး၊လေးထည်ကိုလည်း သေချာသပ်သပ်ရပ်ရပ် ပြန်ခေါက်ကာ အိတ်ထဲသို့ထည့်လိုက်သည်။
ထို့နောက် အောက်ထပ်ကို ဆင်းကာ darling အတွက် အမေရိကာနို ပူပူလေးကို ဖျော်ကာ ဓာတ်ဗူးထဲ ထည့်ပြီးနောက် ထိုဓာတ်ဗူးကို အိတ်ထဲထည့်လိုက်ကာ
" Darling ဆီ အဝတ်တွေ သွားပေးလိုက်ဦးမယ် မာမား "
" ဟုတ်ပြီ baby "
မာဖလာ အညိုရောင်ကို လည်ပင်းမှာ သေချာပတ်ကာ darling၏ agency ဆီကို ထွက်လာခဲ့လိုက်၏။
မြင့်မားလှသည့် အဆောက်အဦးကိုကြည့်ပြီး ပြုံးလိုက်မိသည်။
BigHit ထဲ ဝင်လာတော့ လုံခြုံရေးက
" ဘယ်သူနဲ့ တွေ့ ချင်လို့လဲ ? "
" JK နဲ့ တွေ့ ချင်လို့ပါ "
" ဒီမှာက idol တွေနဲ့ တွေ့ ချင်သလို တွေ့ ခွင့်မရပါဘူး "
" ဟို ကျွန်တော်က သူ့အသိပါ "
လုံခြုံရေးကို ဘယ်လောက်ပြောပြော ဝင်ခွင့်မပေးတာကြောင့် ထိုအဆောက်အဦးထဲကနေ ထွက်ကာ ဖုန်းကို ထုတ်လိုက်ပြီး darling ဆီ ခေါ်ဆိုနေမိသည်။
" ဝက်ဝံလုံးလေး အခု BigHit ရှေ့ကို ရောက်နေတယ် darling "
Darling ဟာ car parking မှာ စောင့်နေဆိုပြီး ပြောလာတာကြောင့် car parking ဆီသွားရပြန်သည်။
Mask အမည်းနှင့် ဦးထုပ် အမည်းကို တပ်ကာ ထွက်လာတဲ့ darling ကို မြင်လိုက်တာကြောင့် လက်ကို ဝေ့ရမ်းကာ
" Darling "
ကျွန်တော့်လက်ကို ဆွဲကာ သူ၏ ကားထဲ ဆွဲခေါ်လာသည်။ကားထဲရောက်သည်နှင့်တစ်ပြိုင်နက် တောက်တခေါက်ခေါက်ဖြင့်
" မင်းကို ငါဘယ်နှစ်ခါပြောရမလဲ ?!! ဘာကိစ္စရှိရှိ BigHit ကိုမလာခဲ့ဖို့ ငါဘယ်နှစ်ခါ ထပ်ပြောရမှာလဲ ?!! "
" အာ .. ဝက်ဝံလုံးက scheduleတွေကြောင့် darling အိမ်မပြန်လာတဲ့ ရက်များနေလို့ လဲဖို့ အဝတ်အစား အချို့လာပေးတာပါ ... နောက်ပြီး အေးတဲ့အချိန် darling သောက်ဖို့ အမေရိကာနို ပူပူလေးပါ ဖျော်လာပါတယ် "
YOU ARE READING
Heather's Heartbreak Anniversary✓
RomanceKim Seok Jin & Park Jimin & Kim TaeHyung & Jeon JungKook KookV , VMin , Vminkook