Part - 27

6.9K 586 26
                                    

Paris ကနေ Lyon ဆီကို ထွက်လာခဲ့သည်။

အလယ်တန်း နောက်ဆုံးနှစ်အထိ Lyon မှာ မာမားနှင့်အတူ နေခဲ့ဖူးတဲ့အပြင် မာမား မွေးရာဇာတိဖြစ်နေတော့ ဖိုးဖိုးတို့ အမွေပေးခဲ့သည့် အိမ်လေးရှိနေတော့ အဆင်ပြေသည်ဟု ပြောရမည်။

ထိုလူဟာ ကားပေါ် အတင်းဆွဲတင်ပြီး လိုက်ပို့ပေးနေတော့တာ။

ကားပေါ်က ဆင်းပြန်တော့လည်း luggage ကို ဆွဲယူကာ အနောက်ကနေ လိုက်လာပြန်သည်။

" Baby "

" ... "

" Baby "

" ... "

" ဝက်ဝံလုံးလေး "

သူ့ဆီက luggage ကို ဆွဲယူကာ အိမ်ထဲဝင်ပြီး တံခါးကို ပိတ်ဖို့လုပ်တော့ ကိုယ်လုံးကြီး တစ်ခြမ်းကို ထိုးထည့်လာသည်။

" Baby ကိုယ်လည်း ဒီမှာနေမယ် "

" နေလေ "

" တကယ်လား ဝက်ဝံလုံးလေး "

" အင်း "

ကျွန်တော် လက်ခံလိုက်တော့ မျက်နှာက ပြုံးပျော်သွားသည်။

အဲ့အပြုံးကို ငါ ဖျက်ဆီးပြမယ် Jeon JungKook ...

ကျွန်တော် အဝတ်တွေလဲကာ အခန်းထဲက ထွက်လာတော့ သူဟာ apron ကို ဝတ်ပြီး ချက်ပြုတ်နေတော့သည်။

" Baby ဗိုက်ဆာနေပြီလား ? ကိုယ် ဒီမှာ baby စားဖို့ ပင်လယ်စာ pasta လုပ်ထားတယ် "

" အင်း "

သူကိုယ်တိုင် လုပ်ထားတဲ့ pasta ကို အသေအချာကို စိုက်ကြည့်နေမိတာ။

7နှစ်ပြည့်တုန်းက ငါလုပ်ခဲ့တဲ့ pasta က အမှိုက်ပုံးထဲ ရောက်ခဲ့ရတာမလား ?

ခက်ရင်းဖြင့် ခပ်ကာ ပါးစပ်ထဲ ထည့်သွင်းလိုက်တော့ စပ်တာတွေရော ငန်တာတွေရော မျိုးစုံပဲ။

ထိုနေရာမှာတင် ပါးစပ်ထဲကဟာကို ထွေးပစ်လိုက်၏။

ထွီ !

လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို သုတ်လိုက်ကာ

" ဒါက လူစားတာလား ? ခွေးစားတာလား ? "

သူ့မျက်လုံးကို စိုက်ကြည့်ကာ ပြောလိုက်တော့ မျက်နှာက ပြုပြင်လို့မရအောင် ပျက်ယွင်းသွားသည်။

Heather's Heartbreak Anniversary✓Where stories live. Discover now