Part - 25

7.6K 598 28
                                    

အိပ်ခန်းထဲ ခပ်တိုးတိုး ဖွင့်ထားတဲ့ သီချင်းသံ သဲ့သဲ့။

' Balloons are deflated '

' Guess they look lifeless like me '

' We miss you on your side of the bed '

' Still got your things here '

' And they stare at me like souvenirs '

' Don't wanna let you out my head '

နောက်တစ်ပုဒ်ကို ပြောင်းသွားတဲ့ သီချင်းဟာ ကျွန်တော့်ကို လှောင်ပြောင်နေသယောင်ယောင်။

အံဆွဲထဲက သိမ်းထားသည့် ဓာတ်ပုံကို ထုတ်လိုက်ကာ အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်လိုက်သည်။

ထို့နောက် အိပ်ယာပေါ်ကနေ အားတင်းကာထပြီး wardrobe ထဲက သူ့ အင်္ကျီတွေ ၊ ဘောင်းဘီတွေကို ကတ်ကြေးဖြင့် အစိတ်စိတ် အမွှာမွှာ ညှပ်နေမိပြန်သည်။

" မုန်းတယ် ! မုန်းတယ် ! မုန်းတယ် ! သိပ်မုန်းတယ် "

Jeon JungKook ဆိုတဲ့ လူကို ကျွန်တော် ချစ်မိခဲ့တယ်။

ရူးလောက်အောင် ချစ်ခဲ့တယ်။

သူ ဘာပြောပြော အပြုံးမပျက်ပဲ နေပေးခဲ့တယ်။

ဒါပေမယ့် သူကတော့ ...

သူကတော့ ကျွန်တော့်ကို မချစ်ခဲ့ဘူးတဲ့လား ?

" အား!!! ရူးမလိုပဲ !! ငါရူးတော့မယ် !!! "

ရင်ဘတ်ကို ထုရိုက်ကာ အော်ငိုနေမိတာ။

Jeon JungKook နဲ့ ပြတ်သွားပေမယ့် သူပေးခဲ့တဲ့ ဒဏ်ရာကတော့ အခုထိ မပျောက်နိုင်သေးပေ။

" Tae !!! Tae !!! ဘာဖြစ်လဲ ? ငါ့ကိုပြောစမ်း "

" Jimin "

" အေး ... ငါရှိတယ်နော် "

" ငါ့ရင်ဘတ်ကြီးက သေမတတ်ကို နာကျင်နေတယ် Jiminရယ် ... ငါ ဘယ်လိုလုပ်ရမလဲ ? ဟမ် ! မနာကျင်တော့အောင် ငါ ဘယ်လိုလုပ်ရပါ့မလဲ ? "

" သူ့ကြောင့် နာကျင်နေရပြန်တာလား Tae ရယ် "

ရင်ခွင်ထဲ ဝင်ကာ ငိုနေတဲ့ သူကို ကြည့်ပြီး နှလုံးသားက တဆစ်ဆစ်ကို ဖြစ်လာတာ။

Jeon JungKook ကိုပဲ အမြဲ မျှော်ကြည့်နေခဲ့တဲ့ Tae ...

Jeon JungKook ကိုပဲ အချစ်တွေ ပေးခဲ့တဲ့ Tae ...

Heather's Heartbreak Anniversary✓Where stories live. Discover now